ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။
မဿဲ 13:52 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသော ကျမ်းတတ်ဆရာသည် မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာသစ်နှင့် ဥစ္စာဟောင်းတို့ကို ထုတ်ယူလာသော အိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။ Common Language Bible သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ကိုယ် တော် က ထို့ ကြောင့် ကောင်း ကင် နိုင် ငံ တော် တွင် တ ပည့် ဖြစ် သူ ကျမ်း တတ် ဆ ရာ တိုင်း သည် ကိုယ့် ဘ ဏ္ဍာ တိုက် ထဲ မှ အ သစ် အ ဟောင်း များ ကို ထုတ် သော အိမ် ရှင် နှင့် တူ သည် ဟု မိန့် တော် မူ၏။ Judson Bible ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဖော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏တပည့်ဖြစ်လာသော ကျမ်းပြုဆရာတိုင်းသည် မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့်အဟောင်းတို့ကို ထုတ်ယူသောအိမ်ရှင်နှင့်တူ၏”ဟု မိန့်တော်မူ၏။ မြန်မာ ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဖော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ၏။ |
ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။
ကိုယ်တော်က “ဤအရာအားလုံးကို သင်တို့ နားလည်ကြသလော” ဟု မေးတော်မူရာ တပည့်တော်များက “နားလည်ပါသည်” ဟု လျှောက်ကြ၏။
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှင်များနှင့် ကျမ်းတတ်ဆရာများကို သင်တို့ထံ စေလွှတ်မည်။ သို့သော် သင်တို့သည် တချို့ကို လက်ဝါးကပ်တိုင်တွင် သတ်ကြလိမ့်မည်။ တချို့ကို ဝတ်ပြုဆောင်များတွင် ရိုက်၍ တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးကြလိမ့်မည်။
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
သို့ဖြစ်၍ ဉာဏ်ပညာတော်နှင့် ပြည့်စုံသောဘုရားသခင် ဟောတော်မူသည်မှာ ‘ငါသည် ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ စေလွှတ်မည်။ သို့သော် သူတို့သည် တချို့ကို သတ်၍ တချို့ကို ညှဉ်းဆဲကြလိမ့်မည်’ ဟူ၍ ဖြစ်၏။
ထို့ကြောင့် ‘သင်တို့သည် အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်တို့အား ငါပေး၏။
ဝမ်းနည်းသောသူများကဲ့သို့ဖြစ်သော်လည်း အစဉ်အမြဲဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအမြောက်အမြားကို ချမ်းသာစေကြ၏။ မည်သည့်အရာမျှ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်ကြ၏။
ထိုအကြောင်းအရာကို ဖတ်ရှုခြင်းအားဖြင့် ခရစ်တော်၏ လျှို့ဝှက်နက်နဲသောအရာကို ကျွန်ုပ် သိကျွမ်းနားလည်ကြောင်း သင်တို့ သဘောပေါက်နိုင်ကြ၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
သင်တို့သည် ထိုသတင်းကောင်းကို ကျွန်ုပ်တို့နှင့် အစေခံချင်းဖြစ်သည့် ချစ်ခင်ရသော ဧပဖြထံမှ ကြားနာခဲ့ရ၏။ သူသည် ခရစ်တော်၏ သစ္စာရှိသောအမှုဆောင်ဖြစ်ပြီး ကျွန်ုပ်တို့ကိုယ်စား ကူညီဆောင်ရွက်နေသောသူ ဖြစ်၏။
ခရစ်တော်၏ တရားတော်ကို သင်တို့အထဲ၌ ပြည့်ပြည့်ဝဝတည်စေကြလော့။ တစ်ဦးကိုတစ်ဦး ဉာဏ်ပညာအမျိုးမျိုးဖြင့် သွန်သင်၍ သတိပေးဆုံးမကြလော့။ ကျေးဇူးတင်သောစိတ်နှင့် ဆာလံသီချင်းများ၊ ဓမ္မသီချင်းများ၊ ဝိညာဉ်ရေးရာသီချင်းများကို ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲသီဆိုကြလော့။
သူသည် ယေရှုကို ယုံကြည်ခါစလူ မဖြစ်ရ။ ထိုသို့မဟုတ်ပါက သူသည် ဘဝင်မြင့်လျက် မာရ်နတ်ခံရသည့်ပြစ်ဒဏ်အတိုင်း ခံရလိမ့်မည်။
သူသည် မိမိလက်ခံထားသည့် စစ်မှန်သောတရားတော်ကို မြဲမြံစွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူသည် အခြားသူများကို မှန်ကန်သောသွန်သင်မှုဖြင့် အားပေးနိုင်ပြီး ဆန့်ကျင်သူတို့၏ အမှားများကိုလည်း ချေပနိုင်မည်ဖြစ်၏။