ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
မဿဲ 13:51 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “ဤအရာအားလုံးကို သင်တို့ နားလည်ကြသလော” ဟု မေးတော်မူရာ တပည့်တော်များက “နားလည်ပါသည်” ဟု လျှောက်ကြ၏။ Common Language Bible သခင်ယေရှုက ``ဤအကြောင်းအရာအလုံးစုံ တို့ကိုသင်တို့နားလည်ကြပါ၏လော'' ဟုမေး တော်မူလျှင်တပည့်တော်တို့က``နားလည်ပါ သည်'' ဟုဖြေကြားကြ၏။ Garrad Bible ထို အ ကြောင်း အ ရာ ရှိ သ မျှ ကို နား လည် ကြ ပြီ လော ဟု မေး တော် မူ သော် နား လည် ပါ ပြီ အ ရှင် ဘု ရား ဟု ပြန် လျှောက် ကြ သည့် ကာ လ။ Judson Bible ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအရာအားလုံးကို သင်တို့နားလည်ကြသလော”ဟု မေးတော်မူ၏။ တပည့်တော်တို့က “နားလည်ပါ၏”ဟု ပြန်လျှောက်ကြ၏။ မြန်မာ ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။- |
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
ထို့နောက် ဆိုးသွမ်းသူများကို မီးဖိုထဲသို့ ပစ်ချကြသဖြင့် သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသော ကျမ်းတတ်ဆရာသည် မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာသစ်နှင့် ဥစ္စာဟောင်းတို့ကို ထုတ်ယူလာသော အိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။
ခံတွင်းသို့ ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်၍ ရေအိမ်သို့စွန့်ရသည်ကို နားမလည်သလော။
ငါသည် စားစရာနှင့်ပတ်သက်၍ ပြောဆိုနေသည်မဟုတ်ကြောင်းကို အဘယ်ကြောင့် သင်တို့နားမလည်နိုင်ကြသနည်း။ ထပ်မံ၍ ငါပြောသည်မှာ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို သတိပြုကြလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ပရောဖက်ဒံယေလ ဟောပြောခဲ့သည့် ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သောအရာသည် သန့်ရှင်းသောနေရာ၌ ရှိနေသည်ကို သင်တို့တွေ့မြင်ရမည့်နေ့ရက် ရောက်လာလိမ့်မည်။ (ဤအချက်ကို စာဖတ်သူ သတိပြုမိပါစေ။)
ပုံဥပမာများမသုံးဘဲ လူထုပရိသတ်တို့အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များနှင့် သီးခြားရှိချိန်တွင် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို သူတို့အား ရှင်းပြတော်မူ၏။
ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း နားမလည်ဘဲ ရှိနေကြသေးသလော။ လူ့အတွင်းသို့ ဝင်သမျှသောအစာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့မသိကြသလော။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။