ကောင်းကင်နိုင်ငံတော်သည် လယ်ထဲ၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ တစ်စုံတစ်ဦးသည် ထိုဘဏ္ဍာကို တွေ့သောအခါ တစ်ဖန်ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်စွာ သွားလျက် မိမိ၌ရှိသောအရာအားလုံးကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။
မဿဲ 13:46 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် အလွန်အဖိုးတန်သော ပုလဲတစ်လုံးကို တွေ့သောအခါ မိမိ၌ ရှိသောအရာအားလုံးကို ရောင်းချပြီး ထိုပုလဲကို ဝယ်လေ၏။ Common Language Bible ထိုသူသည်များစွာအဖိုးတန်သည့်ပုလဲကိုတွေ့ သောအခါသွားပြီးလျှင်ရှိသမျှကိုရောင်းချ၍ ထိုပုလဲကိုဝယ်လေ၏။ Garrad Bible ထို သူ သည် အ လွန် အ ဖိုး ထိုက် သော ပု လဲ တစ် လုံး ကို တွေ့ သော် သွား ပြီး လျှင် ရှိ သ မျှ ကို ရောင်း ချ၍ ထို ပု လဲ ကို ဝယ် ယူ လေ၏။ Judson Bible ထိုကုန်သည်သည် အလွန်အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ၊ သွား၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် အလွန်အဖိုးတန်သောပုလဲတစ်လုံးကိုတွေ့သောအခါ သွား၍ သူ၌ရှိသမျှတို့ကိုရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ၏။ မြန်မာ ထိုကုန်သည်သည် အလွန်အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ၊ သွား၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။- |
ကောင်းကင်နိုင်ငံတော်သည် လယ်ထဲ၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ တစ်စုံတစ်ဦးသည် ထိုဘဏ္ဍာကို တွေ့သောအခါ တစ်ဖန်ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်စွာ သွားလျက် မိမိ၌ရှိသောအရာအားလုံးကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။
တစ်ဖန် ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ကုန်သည်တစ်ဦးသည် အရည်အသွေးကောင်းသောပုလဲကို ရှာဖွေနေ၏။
တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲသို့ချ၍ ငါးမျိုးစုံကို ဖမ်းမိသောပိုက်ကွန်နှင့် တူ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
ကျွန်ုပ်မှာမူ သခင်ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက်မှလွဲ၍ အခြား မည်သည့်အရာအတွက်မျှ ကြွားဝါလိမ့်မည်မဟုတ်။ ထိုလက်ဝါးကပ်တိုင်ကြောင့် ဤလောကနှင့်ဆိုင်သောအရာတို့သည် ကျွန်ုပ်နှင့် အဆက်ပြတ်၍ ကျွန်ုပ်သည်လည်း ဤလောကနှင့်ဆိုင်သော အရာတို့နှင့် အဆက်ပြတ်ပြီ။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ထိုခရစ်တော်ထံ၌ ဉာဏ်ပညာနှင့် အသိပညာတို့သည် ရတနာသိုက်သဖွယ် ဖုံးကွယ်လျက် ရှိကြ၏။
သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ ဖဲနီထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်တန်ဆာအမျိုးမျိုး၊ အဖိုးတန်သစ်အမျိုးမျိုး၊ ကြေး၊ သံ၊ စကျင်ကျောက်၊
မြို့တံခါးတစ်ခုစီကို ပုလဲတစ်လုံးစီဖြင့် ပြုလုပ်ထား၍ တံခါးဆယ့်နှစ်ပေါက်တွင် ပုလဲဆယ့်နှစ်လုံးရှိ၏။ မြို့တော်၏လမ်းမကြီးကို ဖောက်ထွင်းမြင်ရသည့်ဖန်ကဲ့သို့ သန့်စင်သောရွှေဖြင့် ပြုလုပ်ထား၏။