အဘယ်ကြောင့်ဆိုသော် လူသားသည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်သောကြောင့်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
မဿဲ 12:40 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။ Common Language Bible ယောနသည်ငါးကြီး၏ဝမ်းထဲတွင်သုံးရက်တိုင် တိုင်နေရသကဲ့သို့ လူသားသည်လည်းမြေကြီး ထဲတွင်သုံးရက်နေရလတ္တံ့။- Garrad Bible ယော န သည် ငါး ကြီး ဝမ်း တွင် သုံး နေ့ နှင့် သုံး ညဉ့် အောင်း ရ သည့် နည်း တူ လူ့ သား သည် မြေ ကြီး ထဲ တွင် သုံး နေ့ နှင့် သုံး ညဉ့် အောင်း ရ လိမ့် မည်။ Judson Bible ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။ မြန်မာ ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတ္တံ့။- |
အဘယ်ကြောင့်ဆိုသော် လူသားသည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်သောကြောင့်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများလက်တွင် ဒုက္ခများစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူမည်ဟူသောအကြောင်းအရာများကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
သူတို့သည် လူသားကို သတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် အလွန်ဝမ်းနည်းကြ၏။
“ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်တည်ဆောက်မည့်သူ… သင့်ကိုယ်သင်ကယ်လော့။ သင်သည် ဘုရားသခင်၏သားတော် မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့” ဟု ကိုယ်တော်အား ပြက်ရယ်ပြုကြ၏။
ထိုအရှင်သည် ဤနေရာတွင် မရှိပါ။ မိန့်တော်မူခဲ့သည့်အတိုင်း သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ အလောင်းတော်ထားသည့် နေရာကို လာ၍ ကြည့်ကြလော့။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
ယေရှုက “ဤဗိမာန်တော်ကို ဖြိုဖျက်လော့။ သုံးရက်အတွင်း ငါပြန်လည်တည်ဆောက်မည်” ဟု မိန့်တော်မူ၏။