ယောဟန်၏တပည့်များ ထွက်သွားကြပြီးနောက် ယေရှုက ယောဟန်အကြောင်းနှင့် ဆက်စပ်၍ လူထုတို့အား ဤသို့ ဟောပြောတော်မူ၏။ ယေရှုက “သင်တို့သည် မည်ကဲ့သို့သောသူကိုရှာရန် တောသို့ ထွက်သွားကြသနည်း။ လေတိုက်လျှင် လှုပ်ယမ်းသည့် ကျူပင်ကဲ့သို့သောသူကိုလော။
မဿဲ 11:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့မဟုတ် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ အဖိုးတန်အဝတ်အထည်တို့ကို ဝတ်ဆင်သောသူကိုလော။ အဖိုးတန်အဝတ်အထည်ကို ဝတ်ဆင်သူတို့သည် နန်းတော်များ၌သာ နေကြ၏။ Common Language Bible ထိုသို့မဟုတ်ပါမူအဘယ်ကြောင့်နည်း။ ဝတ် ကောင်းစားလှဝတ်ဆင်ထားသူကိုကြည့်ရှုကြ ရန်လော။ ဝတ်ကောင်းစားလှဝတ်ဆင်ထားသူများ ကားမင်းအိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။- Garrad Bible မည် သည့် အ ရာ ကို ရှု ကြည့် ရန် ထွက် သွား ကြ သ နည်း။ နူး ညံ့ သော ဝတ် စား ဆင် ယင် သူ လော။ ထို သို့ ဆင် ယင် သူ တို့ သည် နန်း တော် များ၌ ရှိ နေ ကြ ၏။ Judson Bible သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှာ သွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူတို့သည် ဘုရင့်နန်းတော်များ၌ရှိကြ၏။ မြန်မာ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှာ သွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။- |
ယောဟန်၏တပည့်များ ထွက်သွားကြပြီးနောက် ယေရှုက ယောဟန်အကြောင်းနှင့် ဆက်စပ်၍ လူထုတို့အား ဤသို့ ဟောပြောတော်မူ၏။ ယေရှုက “သင်တို့သည် မည်ကဲ့သို့သောသူကိုရှာရန် တောသို့ ထွက်သွားကြသနည်း။ လေတိုက်လျှင် လှုပ်ယမ်းသည့် ကျူပင်ကဲ့သို့သောသူကိုလော။
သို့ဖြစ်လျှင် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ ပရောဖက်တစ်ပါးကိုလော။ မှန်ပါ၏။ ထိုသူသည် ပရောဖက်ထက် ပို၍ကြီးမြတ်သောသူဖြစ်သည်ဟု ငါဆို၏။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့် ရက်လုပ်သောအဝတ်ကို ဝတ်၍ ခါး၌ သားရေခါးပတ်ကို စည်း၏။ သူသည် ကျိုင်းကောင်နှင့် တောပျားရည်တို့ကို စားသုံး၏။
သို့မဟုတ် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ အဖိုးတန်အဝတ်အထည်တို့ကို ဝတ်ဆင်သောသူကိုလော။ ဝတ်ကောင်းစားလှကို ဝတ်ဆင်လျက် စည်းစိမ်ခံစား၍နေသောသူတို့သည် နန်းတော်များ၌သာ နေကြ၏။
ယခုအချိန်တိုင်အောင် ကျွန်ုပ်တို့သည် အစာရေစာငတ်ပြတ်လျက်ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်ထိုးနှက်ခြင်းကို ခံရကြ၏။ အိမ်ခြေရာခြေမဲ့ လှည့်လည်သွားလာကြရ၏။
အလုပ်ကို ခက်ခက်ခဲခဲဖြင့် ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏအစာပြတ်လပ်ခြင်း၊ အအေးဒဏ်ခံရခြင်း၊ ဝတ်စရာမလုံလောက်ခြင်း စသည်တို့နှင့် ကြုံခဲ့ရ၏။
ငါသည် ငါ၏သက်သေခံနှစ်ပါးကို အခွင့်အာဏာပေးမည်။ သူတို့သည် လျှော်ထည်ကြမ်းကိုဝတ်၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ် ပရောဖက်ပြုဟောပြောကြလိမ့်မည်” ဟုဆို၏။