လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
မဿဲ 10:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ၏ နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို အစိုးရအာဏာပိုင်များနှင့် ရှင်ဘုရင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ သို့သော် ဤအရာသည် ထိုသူတို့နှင့် လူမျိုးခြားတို့ထံ ငါ့အကြောင်းသက်သေခံရသောအခွင့်ကို ဖြစ်စေလိမ့်မည်။ Common Language Bible သင်တို့သည်ငါ့အတွက်ကြောင့်အာဏာပိုင်များ နှင့်ရှင်ဘုရင်များရှေ့မှောက်သို့ရောက်ရကြလိမ့် မည်။ သို့ဖြစ်၍ထိုသူတို့အားလည်းကောင်း၊ လူမျိုး တကာတို့အားလည်းကောင်းငါ၏အကြောင်း သတင်းကောင်းကိုကြေညာခွင့်ရလိမ့်မည်။- Garrad Bible ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ထံ ဆွဲ ငင် ခြင်း များ ကို သူ တို့ နှင့် လူ မျိုး ခြား တို့ အား သက် သေ အ ဖြစ် ငါ့ အ တွက် ကြောင့် သင် တို့ ခံ ရ ကြ လိမ့် မည်။ Judson Bible ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့သို့ ငါ့အတွက်ကြောင့် ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် ထိုသူတို့နှင့်လူမျိုးခြားတို့ထံ သက်သေဖြစ်ကြလိမ့်မည်။ မြန်မာ ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။- |
လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
သင်တို့ကို အပ်နှံကြသောအခါ မည်သို့တုံ့ပြန်ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်သည် သင်တို့ပြောဆိုရမည့်စကားကို ထိုအချိန်၌ ပေးတော်မူလိမ့်မည်။
ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ သူ့အားကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါပျောက်ကင်းကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။
ဤအရာများစတင် ဖြစ်ပွားလျှင် သတိရှိကြလော့။ လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ရိုက်နှက်ကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ ဤအရာသည် သင်တို့ကို ငါ့အကြောင်းသက်သေခံရသောအခွင့် ဖြစ်စေလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ သခင်ဘုရားအကြောင်း သက်သေခံရန် မရှက်နှင့်။ သခင်ဘုရားအတွက်ကြောင့် အကျဉ်းချခံနေရသော ကျွန်ုပ်အတွက်လည်း မရှက်နှင့်။ ဘုရားသခင်၏ တန်ခိုးတော်ဖြင့် သတင်းကောင်းအတွက် ကျွန်ုပ်နှင့်အတူ ဒုက္ခခံလော့။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။
သူတို့သက်သေခံပြီးသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲသည် သူတို့ကို တိုက်ခိုက်အောင်နိုင်၍ သတ်ဖြတ်လိမ့်မည်။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ယဇ်ပလ္လင်အောက်တွင် ဝိညာဉ်များစွာကို ကျွန်ုပ်မြင်ရ၏။ ထိုဝိညာဉ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ခရစ်တော်အကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသောကြောင့် အသတ်ခံရသည့် ဝိညာဉ်များဖြစ်ကြ၏။