ထို့ပြင် ဟေရှာယက “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျွန်ုပ်တို့အတွက် မျိုးဆက်ကို ချန်ထားတော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် သောဒုံမြို့ကဲ့သို့ ဖယ်ရှားခြင်းခံရ၍ ဂေါမောရမြို့ကဲ့သို့ ဖျက်ဆီးခြင်းကို ခံရကြလိမ့်မည်” ဟု ပရောဖက်ပြုဟောပြောခဲ့၏။
ဗျာဒိတ် 9:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့၏ဆံပင်များသည် အမျိုးသမီးဆံပင်ကဲ့သို့ဖြစ်၍ သူတို့၏သွားများသည် ခြင်္သေ့သွားများကဲ့သို့ဖြစ်၏။ Common Language Bible သူတို့သည်အမျိုးသမီးများ၏ဆံပင်နှင့်တူ သောခေါင်းမွေးများရှိ၏။ သူတို့၏သွားသည် ခြင်္သေ့သွားနှင့်တူ၏။- Garrad Bible နှုတ် ခမ်း မွေး များ သည် မိန်း မ ဦး ဆံ အ ဆင်း၊ သွား များ သည် ခြင်္သေ့ သွား အ ဆင်း၊ ရင် အုပ် များ သည် သံ ရင် အုပ် အ ဆင်း ရှိ ၍၊ Judson Bible ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့၌ မိန်းမဆံပင်နှင့်တူသောဆံပင်ရှိ၍ သူတို့၏သွားသည် ခြင်္သေ့သွားကဲ့သို့ဖြစ်၏။ |
ထို့ပြင် ဟေရှာယက “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျွန်ုပ်တို့အတွက် မျိုးဆက်ကို ချန်ထားတော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် သောဒုံမြို့ကဲ့သို့ ဖယ်ရှားခြင်းခံရ၍ ဂေါမောရမြို့ကဲ့သို့ ဖျက်ဆီးခြင်းကို ခံရကြလိမ့်မည်” ဟု ပရောဖက်ပြုဟောပြောခဲ့၏။
ထိုနည်းတူ အမျိုးသမီးတို့သည်လည်း ကျစ်ဆံမြီးမကျစ်ဘဲ၊ ရွှေ၊ ပုလဲ စသည့်လက်ဝတ်ရတနာ၊ သို့မဟုတ် တန်ဖိုးကြီး အဝတ်အစားတို့ကို မဆင်မြန်းဘဲ ဣန္ဒြေ သိက္ခာဖြင့် သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ရန် ကျွန်ုပ်အလိုရှိ၏။
သင်တို့၏ တန်ဆာဆင်မှုသည် ဆံပင်ကျစ်ခြင်း၊ ရွှေရတနာဆင်မြန်းခြင်း၊ ဝတ်ကောင်းစားလှဝတ်ဆင်ခြင်း စသည့် အပြင်ပန်းအလှဆင်ခြင်း မဖြစ်စေနှင့်။