လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အချင်းချင်းပုန်ကန်၍ စစ်ဖြစ်ကြလိမ့်မည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် အစာခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်လိမ့်မည်။
ဗျာဒိတ် 8:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက်ကောင်းကင်တမန်သည် ယဇ်ပလ္လင်ပေါ်မှ မီးကို အမွှေးနံ့သာပူဇော်ရာခွက်ထဲသို့ ထည့်၍ ကမ္ဘာမြေပေါ်သို့ ပစ်ချလိုက်ရာ မိုးခြိမ်းခြင်း၊ အသံမြည်ဟည်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ၏။ Common Language Bible ထိုနောက်ကောင်းကင်တမန်သည်လင်ပန်းကို ယူပြီးလျှင် ယဇ်ပလ္လင်ကမီးကိုထည့်၍ကမ္ဘာ မြေပေါ်သို့ပစ်ချလိုက်၏။ ထိုအခါမိုးကြိုး ထစ်ချုန်းခြင်း၊ အသံမြည်ခြင်း၊ လျှပ်ပြက် ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ လေသည်။ Garrad Bible စေ တ မန် တော် သည် မီး ကျီး ခံ ကိုင် လျက် ပူ ဇော် ရာ ပ လ္လင် တော် ရှိ မီ ကျီး အ ပြည့် ထည့် သည့် ပြင် မြေ ပေါ် သို့ ပစ် လိုက် သ ဖြင့် မိုး ချုန်း ခြင်း၊ ထစ် ခြင်း၊ လျှပ် ပျက် ခြင်း၊ င လျင် လှုပ် ခြင်း များ ဖြစ် လေ ၏။ Judson Bible ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့်ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုကောင်းကင်တမန်သည် နံ့သာပူဇော်ရာခွက်ကိုယူ၍ ၎င်းကို ယဇ်ပလ္လင်၏မီးနှင့်ပြည့်စေပြီးလျှင် မြေကြီးပေါ်သို့ပစ်ချလိုက်ရာ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လေ၏။ |
လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အချင်းချင်းပုန်ကန်၍ စစ်ဖြစ်ကြလိမ့်မည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် အစာခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်လိမ့်မည်။
ဤကမ္ဘာမြေကြီးသို့ မီးကျစေရန် ငါလာ၏။ ယခု မီးလောင်ကျွမ်းပြီးသားဖြစ်ရန်ပင် ငါအလိုရှိလှ၏။
ရုတ်တရက် မြေငလျင်ပြင်းစွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် လှုပ်ခါလေ၏။ ထိုအခါ ချက်ချင်းပင် ထောင်တံခါးများ ပွင့်သွား၍ အကျဉ်းသားများကို ချည်နှောင်ထားသည့် ရှိသမျှသံကြိုးတို့သည် ပြုတ်ထွက်ကြကုန်၏။
ထိုသို့ ဆုတောင်းပြီးနောက် စုရုံးနေသောနေရာသည် တုန်ခါလျက် ထိုသူအားလုံးတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။
ထိုအချိန်တွင် အလွန်ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုကျသွား၏။ ထိုငလျင်ဒဏ်ကြောင့် လူခုနစ်ထောင် သေဆုံး၍ အသက်ရှင်ကျန်ရစ်သူများသည် ထိတ်လန့်ကာ ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြ၏။
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
ရာဇပလ္လင်တော်မှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်းတို့ထွက်ပေါ်လာ၏။ ထိုပလ္လင်တော်ရှေ့တွင် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးကို ကိုယ်စားပြုသည့် မီးတုတ်ခုနစ်ခုတို့သည် တောက်လောင်လျက်ရှိ၏။
သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ပြင်းထန်သောငလျင်လှုပ်သည်ကို ကျွန်ုပ်မြင်ရ၏။ နေသည် ဆိတ်မွေးဖြင့်ရက်သောအထည်ကြမ်းကဲ့သို့ မည်းလာပြီး လသည်လည်း သွေးနီရောင်ပြောင်းသွား၏။
ကောင်းကင်တမန်တစ်ပါးသည် ရွှေလင်ပန်းကို ကိုင်လျက် ရှေ့သို့လာ၍ ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ရာဇပလ္လင်တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်တွင် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များနှင့်အတူ ပူဇော်ဆက်ကပ်ရန် သူ့အား အမွှေးနံ့သာများစွာကို ပေးအပ်ထား၏။