ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
ဗျာဒိတ် 6:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့တစ်ဦးစီအား ဝတ်ရုံဖြူများကို ပေးတော်မူ၏။ သူတို့နည်းတူ အသတ်ခံရမည့် သူတို့၏အစေခံချင်း၊ သူတို့၏ညီအစ်ကိုမောင်နှမချင်း အရေအတွက်ပြည့်သည်အထိ အနည်းငယ်စောင့်ကြရန် သူတို့အား မိန့်တော်မူ၏။ Common Language Bible ထိုသူတို့သည်ဝတ်လုံဖြူတစ်ထည်စီကိုရပြီး လျှင် မိမိတို့နည်းတူအသတ်ခံရကြမည့် အစေခံချင်းနှင့်ညီအစ်ကိုချင်း အရေအတွက် ပြည့်သည့်တိုင်အောင်ခဏငြိမ်သက်စွာနေကြ ရန်အမိန့်ကိုရကြ၏။ Garrad Bible ဖွဲ့ ဖြူ ဝတ် လုံ တစ် ထည် စီ ရ ပြီး လျှင် သူ တို့ ကဲ့ သို့ ကွပ် မျက် ခံ ရ မည့် ကျွန် ချင်း နှင့် ညီ အစ် ကို ချင်း တို့ အ ရေ အ တွက် မ ပြည့် သည့် တိုင် အောင် ကာ လ အ နည်း ငယ် ဆိုင်း လင့် ရန် အ မိန့် ကို ခံ ရ ကြ၏။ Judson Bible ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတ္တံ့သော မိမိ လုပ်ဖော်ဆောင်ဖက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့တစ်ဦးစီအား ဖြူသောဝတ်လုံကိုပေးတော်မူပြီးလျှင် သူတို့နည်းတူ အသေသတ်ခြင်းခံရရန်ရှိသည့် သူတို့၏အစေအပါးချင်းများနှင့် သူတို့ညီအစ်ကိုများ၏အရေအတွက် ပြည့်စုံသည့်တိုင်အောင် နောက်ထပ် ခဏအနားယူကြရန် သူတို့အား မိန့်တော်မူ၏။ |
ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
သို့သော် ဖခင်က အစေခံတို့အား ‘အကောင်းဆုံးဝတ်ရုံကို အမြန်ယူလာ၍ သူ့အားဝတ်ပေးကြလော့။ သူ့လက်၌ လက်စွပ်ကို စွပ်ပေး၍ သူ့ခြေထောက်၌ ဖိနပ်ကို စီးပေးကြလော့။
လူတို့သည် သင်တို့ကို ဂျူးဝတ်ပြုဆောင်များမှ ထုတ်ပယ်ကြလိမ့်မည်။ သင်တို့ကို သတ်သောသူများက ထိုသို့သတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ခံယူသည့်အချိန်ကာလ ရောက်လာလိမ့်မည်။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
ဆင်းရဲဒုက္ခရောက်နေသော သင်တို့နှင့်အတူ ကျွန်ုပ်တို့ကိုလည်း စိတ်သက်သာရာရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် မီးလျှံကြားက တန်ခိုးကြီးသော ကောင်းကင်တမန်များခြံရံလျက် ကောင်းကင်ဘုံမှ ပေါ်ထွက်လာသောအခါ
တိုက်ပွဲကောင်းကို ကျွန်ုပ်တိုက်ခဲ့ပြီ။ တာအဆုံးတိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်းတရားကို စောင့်ထိန်းခဲ့ပြီ။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ပိုမိုကောင်းမွန်သောအရာကို ပြင်ဆင်ထားသောကြောင့် ဖြစ်၏။ ထိုအရာကို သူတို့သည် ကျွန်ုပ်တို့နှင့်အတူ လက်ခံရရှိလျှင် သူတို့သည် ပြီးပြည့်စုံသူများဖြစ်ကြလိမ့်မည်။
ကောင်းကင်ဘုံ၌ စာရင်းဝင်သောသားဦးတို့၏ အသင်းတော်သို့လည်းကောင်း၊ လူအပေါင်းတို့ကို တရားစီရင်တော်မူသောဘုရားသခင်ထံသို့လည်းကောင်း၊ ပြီးပြည့်စုံသည့်ဖြောင့်မတ်သောသူတို့၏ ဝိညာဉ်များထံသို့လည်းကောင်း ရောက်ကြပြီ။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိလုပ်ဆောင်မှုများပြီးသည့်အခါ အနားယူတော်မူသကဲ့သို့ ဘုရားသခင်၏ စံမြန်းနားခိုရာသို့ ဝင်သောသူသည်လည်း မိမိလုပ်ဆောင်မှုများကို ရပ်နားလျက် အနားယူရ၏။
ထို့နောက် အစဉ်ထာဝရအသက်ရှင်တော်မူပြီး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် အရပ်ရပ်တို့၌ ရှိသမျှအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို တိုင်တည်၍ ထိုကောင်းကင်တမန်က “နောက်ထပ် အချိန်ကြန့်ကြာတော့မည် မဟုတ်။
ထိုသားရဲသည် ထိုရုပ်တုအား အသက်သွင်းသည့် အခွင့်အာဏာကို ရရှိ၏။ ဤသည်မှာ ထိုရုပ်တုအား စကားပြောစေရန်နှင့် ထိုရုပ်တုကို မကိုးကွယ်သောသူတို့အား သတ်ရန်ဖြစ်၏။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။
ကျွန်ုပ်က “အရှင်… အဖြေကို အရှင်သိပါ၏” ဟုပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးမားသောဒုက္ခဆင်းရဲကို ဖြတ်ကျော်လာသောသူများဖြစ်ကြ၏။ ထိုသူတို့သည် သိုးသငယ်တော်၏သွေး၌ မိမိတို့ဝတ်ရုံများကို ဖြူစင်အောင်လျှော်ကြပြီ။
ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ မည်သူမျှမရေတွက်နိုင်သော လူအုပ်ကြီးရှိ၏။ သူတို့သည် တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီးနှင့် ဘာသာစကားအသီးသီးပြောသည့်သူများမှ ဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် လက်များ၌ စွန်ပလွံခက်များကိုကိုင်၍ ရာဇပလ္လင်တော်နှင့် သိုးသငယ်တော်ရှေ့၌ ရပ်နေကြ၏။