ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
ဗျာဒိတ် 22:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ကြည့်ရှုလော့။ ငါသည် မကြာမီလာမည်။ ဤစာစောင်၌ ရေးထားသော ပရောဖက်ပြုဟောပြောချက်များကို လိုက်နာသောသူသည် မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက``နားထောင်လော့။ ငါသည်မကြာ မီကြွလာမည်။ ဤကျမ်းစောင်တွင်ပါရှိသည့် ပရောဖက်စကားများကို လိုက်လျှောက်သော သူတို့သည်မင်္ဂလာရှိ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ အ မြန် လာ မည်။ ဤ ကျမ်း ပါ ပ ရော ဖက် ဆင့် ချက် များ ကို စောင့် ရှောက် သူ၌ မင်္ဂ လာ ရှိ သည် ဟု ငါ ကြား ရ၏။ Judson Bible ငါသည် အလျင်အမြန်လာမည်။ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း “ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို လိုက်နာစောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏။” |
ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
ဤပရောဖက်ပြုဟောပြောချက်သည် ဖြစ်ပျက်ရန် အချိန်နီးလာသောကြောင့် ၎င်းကို ဖတ်သောသူနှင့် ကြားနာ၍ လိုက်နာသောသူတို့သည် မင်္ဂလာရှိကြ၏။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”
သို့ဖြစ်၍ နောင်တရကြလော့။ နောင်တမရပါက ငါသည် သင်တို့ထံသို့ မကြာမီလာ၍ ငါ၏ခံတွင်းမှ သန်လျက်ဖြင့် သူတို့ကို တိုက်ခိုက်မည်။
ယေရှုက “ကြည့်လော့။ ငါသည် မကြာမီလာမည်။ ငါသည် ဆုလာဘ်နှင့် ပြစ်ဒဏ်ကို ယူဆောင်လာပြီး လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ငါပေးဆပ်မည်။
ဤစာစောင်၌ ပါသော ပရောဖက်ပြုဟောပြောချက်များကို ကြားနာသောသူတိုင်းအား ငါသတိပေး၏။ မည်သူမဆို ဤစာစောင်တွင် တစ်စုံတစ်ရာ ထပ်လောင်းဖြည့်စွက်ပါက ဘုရားသခင်သည် ဤစာစောင်ပါ ဘေးဒဏ်များကို ထိုသူအပေါ် ကျရောက်စေတော်မူလိမ့်မည်။
မည်သူမဆို ဤစာစောင်၌ ပါသော ပရောဖက်ပြုဟောပြောချက်ထဲမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဤစာစောင်၌ ဖော်ပြထားသော အသက်ပင်၏ အသီးကို စားခွင့်နှင့် သန့်ရှင်းသောမြို့တော်သို့ ဝင်ခွင့်ကို ဘုရားသခင်သည် ထိုသူတို့ထံမှ နုတ်ပယ်တော်မူလိမ့်မည်။
ဤအကြောင်းအရာများကို သက်သေခံတော်မူသောအရှင်က “ဧကန်အမှန်ပင် ငါသည် မကြာမီလာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု… ကြွလာတော်မူပါ။
သခင်ယေရှု၏ ကျေးဇူးတော်သည် ယုံကြည်သူများအပေါ် သက်ရောက်ပါစေသော။ အာမင်။ ဗျာဒိတ်ကျမ်း ပြီးပါပြီ။
ငါသည် မကြာမီလာမည်။ သင်၏သရဖူကို မည်သူမျှ မလုယူစေရန် သင်၌ရှိသောယုံကြည်ခြင်းကို စွဲကိုင်ထားလော့။
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။