ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ဗျာဒိတ် 19:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် လူအုပ်ကြီး၏အသံကဲ့သို့လည်းကောင်း၊ ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သောမိုးခြိမ်းသံကဲ့သို့လည်းကောင်း ထွက်ပေါ်လာသောအသံကို ကျွန်ုပ်ကြားခဲ့ရ၏။ ထိုအသံမှာ “ဟာလေလုယာ။ ကျွန်ုပ်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အုပ်စိုးတော်မူ၏။ Common Language Bible ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။- Garrad Bible လူ ပ ရိတ် သတ် ကြီး ၏ အုတ် အုတ် သဲ သဲ သံ၊ သ မု ဒ္ဒ ရာ ဟုန်း သံ၊ ပြင်း ထန် သော မိုး ချုန်း သံ နှင့် တူ သော အ သံ ကို ငါ ကြား ရ သည် မှာ ဟာ လေ လု ယ။ အ န န္တ တန် ခိုး ရှင်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စိုး စံ တော် မူ ၏။ Judson Bible တစ်ဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် များစွာသောလူအစုအဝေး၏အသံနှင့်လည်းကောင်း၊ များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ပြင်းထန်သောမိုးကြိုးသံနှင့်လည်းကောင်း တူသောအသံက “ဟာလေလုယာ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် စိုးစံတော်မူသည်ဖြစ်၍ |
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
သူ၏ခြေတို့သည် မီးပြင်းဖို၌ ချွတ်၍ သန့်စင်ထားသော ကြေးဝါကဲ့သို့ တောက်ပနေပြီး သူ၏အသံသည် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့ဖြစ်၏။
ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
ထို့နောက် ကောင်းကင်မှ ကျယ်လောင်သောအသံဖြင့် “ယခုတွင် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ခရစ်တော်၏ အခွင့်အာဏာတို့သည် ပေါ်ထွန်းလာပြီ။ ငါတို့ဘုရားသခင်၏ ရှေ့တော်၌ပင် ငါတို့၏ညီအစ်ကိုမောင်နှမများကို နေ့ရောညပါ စွပ်စွဲသူသည် ကမ္ဘာမြေပေါ်သို့ ပစ်ချခံရပြီ။
ထို့နောက် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့လည်းကောင်း ကောင်းကင်ဘုံမှ အသံကို ကျွန်ုပ်ကြားရ၏။ ကျွန်ုပ်ကြားရသောအသံမှာ စောင်းသမားများစောင်းတီးနေသောအသံကဲ့သို့ ဖြစ်၏။
ထို့နောက် ကောင်းကင်ဘုံ၌ လူအုပ်ကြီး၏ အသံကဲ့သို့ ထွက်ပေါ်လာသောကြွေးကြော်သံကို ကျွန်ုပ်ကြားရ၏။ ထိုအသံမှာ “ဟာလေလုယာ။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကယ်တင်သောအရှင်၊ ဘုန်းကြီးသောအရှင် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။
ထိုအခါ အကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေးပါးတို့သည် ဝပ်တွားခယလျက် ရာဇပလ္လင်တော်ပေါ်၌ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်ကြ၏။ ထို့နောက် “အာမင်။ ဟာလေလုယာ” ဟု ဆိုကြ၏။
မြို့ထဲ၌ ဗိမာန်တော်ကို ကျွန်ုပ်မမြင်ရ။ အဘယ်ကြောင့်ဆိုသော် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သိုးသငယ်တော်သည် မြို့၏ဗိမာန်ဖြစ်တော်မူသောကြောင့်ပင်။
ရာဇပလ္လင်တော်မှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်းတို့ထွက်ပေါ်လာ၏။ ထိုပလ္လင်တော်ရှေ့တွင် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးကို ကိုယ်စားပြုသည့် မီးတုတ်ခုနစ်ခုတို့သည် တောက်လောင်လျက်ရှိ၏။
သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုအနက် ပထမတံဆိပ် ဖွင့်သည်ကို ကျွန်ုပ်မြင်၏။ ထို့နောက် သတ္တဝါလေးပါးအနက် တစ်ပါးက မိုးခြိမ်းသံကဲ့သို့သောအသံဖြင့် “လာလော့” ဟု ဆိုသည်ကို ကျွန်ုပ်ကြားရ၏။
ထို့နောက်ကောင်းကင်တမန်သည် ယဇ်ပလ္လင်ပေါ်မှ မီးကို အမွှေးနံ့သာပူဇော်ရာခွက်ထဲသို့ ထည့်၍ ကမ္ဘာမြေပေါ်သို့ ပစ်ချလိုက်ရာ မိုးခြိမ်းခြင်း၊ အသံမြည်ဟည်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ၏။