သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဗျာဒိတ် 19:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ အကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေးပါးတို့သည် ဝပ်တွားခယလျက် ရာဇပလ္လင်တော်ပေါ်၌ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်ကြ၏။ ထို့နောက် “အာမင်။ ဟာလေလုယာ” ဟု ဆိုကြ၏။ Common Language Bible ထိုအခါအကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သက် ရှိသတ္တဝါလေးပါးတို့က``အာမင်၊ ဘုရားသခင် ၏ဂုဏ်တော်ကိုချီးမွမ်းကြလော့'' ဟုဆိုကာပလ္လင် တော်ပေါ်တွင် စံနေတော်မူသောဘုရားသခင် အားပျပ်ဝပ်ရှိခိုးကြ၏။ Garrad Bible အ ကြီး အ ကဲ နှစ် ဆယ့် လေး ပါး တို့ နှင့် သ တ္တ ဝါ လေး ပါး တို့ က လည်း ရာ ဇ ပ လ္လင် တော် ထက် စံ တော် မူ သော ဘု ရား သ ခင် ကို ပျပ် ဝပ် ရှိ ခိုး၍ အာ မင်။ ဟာ လေ လု ယ ဟု လိုက် ဆို ကြ ၏။ Judson Bible အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပျပ်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေးပါးတို့သည်လည်း ပျပ်ဝပ်လျက် ပလ္လင်ပေါ်တွင်ထိုင်တော်မူသောဘုရားသခင်ကိုရှိခိုးကာ “အာမင်။ ဟာလေလုယာ”ဟု ဆိုကြ၏။ |
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
အဘယ်ကြောင့်ဆိုသော် သင်သည် စိတ်ဝိညာဉ်နှင့် ဘုရားသခင်ကို ချီးမွမ်းလျှင် အကျွမ်းတဝင်မရှိသေးသောလူတစ်ယောက်သည် သင်ပြောနေသောစကားကို နားမလည်သောကြောင့် ဘုရားသခင်အား သင်ကျေးဇူးတင်သည်ကို အာမင်ဟု မည်သို့ ဝန်ခံပြောဆိုနိုင်မည်နည်း။
သတ္တဝါလေးပါးအနက် တစ်ပါးသည် အစဉ်ထာဝရ အသက်ရှင်တော်မူသည့် ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသော ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနှစ်ပါးအား တစ်လုံးစီ ပေး၏။
ထို့နောက် ကောင်းကင်ဘုံ၌ လူအုပ်ကြီး၏ အသံကဲ့သို့ ထွက်ပေါ်လာသောကြွေးကြော်သံကို ကျွန်ုပ်ကြားရ၏။ ထိုအသံမှာ “ဟာလေလုယာ။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကယ်တင်သောအရှင်၊ ဘုန်းကြီးသောအရှင် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။
တစ်ဖန် သူတို့က “ဟာလေလုယာ။ သူ့ထံမှ မီးခိုးသည် အစဉ်ထာဝရ လွင့်တက်လျက်ရှိ၏” ဟု ကြွေးကြော်ကြ၏။
ထို့နောက် လူအုပ်ကြီး၏အသံကဲ့သို့လည်းကောင်း၊ ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သောမိုးခြိမ်းသံကဲ့သို့လည်းကောင်း ထွက်ပေါ်လာသောအသံကို ကျွန်ုပ်ကြားခဲ့ရ၏။ ထိုအသံမှာ “ဟာလေလုယာ။ ကျွန်ုပ်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အုပ်စိုးတော်မူ၏။
ထိုအခါ သတ္တဝါလေးပါးက “အာမင်” ဟုဆိုကြ၏။ အကြီးအကဲတို့သည်လည်း ဘုရားသခင်နှင့် သိုးသငယ်တော်ကို ဝပ်တွားခယလျက် ကိုးကွယ်ကြ၏။