မြို့ကြီးသည် သုံးပိုင်းကွဲ၍ တိုင်းနိုင်ငံများ၏ မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဘေဘီလုံမြို့ကြီး၏ အပြစ်များကို သတိရတော်မူလျက် အမျက်တော်နှင့် ပြည့်နေသော စပျစ်ဝိုင်ကို ထိုမြို့အား တိုက်တော်မူ၏။
ဗျာဒိတ် 18:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏ အပြစ်များသည် ကောင်းကင်အထိ စုပုံ၍ မြင့်မားနေသောကြောင့် သူ၏ ပြစ်မှုကျူးလွန်ခြင်းတို့ကို ဘုရားသခင်သတိရတော်မူပြီ။ Common Language Bible အဘယ်ကြောင့်ဆိုသော်သူ၏အပြစ်သည် မိုးကောင်းကင်တိုင်အောင်မြင့်မား၍ သူ၏ဆိုးယုတ်သောအပြုအမူများကို ဘုရားသခင်သတိရတော်မူလေပြီ ဖြစ်သောကြောင့်တည်း။ Garrad Bible ထို မြို့၏ ဒု စ ရိုက် များ သည် ကောင်း ကင် ဘုံ ရောက် များ ပြား သ ဖြင့် ထို အ ဓ မ္မ မှု များ ကို ဘု ရား သ ခင် သ တိ ရ တော် မူ ပြီ။ Judson Bible သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရားသခင် သတိရတော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သူ၏အပြစ်တို့သည် ကောင်းကင်အထိ စုပုံလျက်ရှိ၍ သူ၏မတရားမှုများကို ဘုရားသခင်မှတ်မိတော်မူပြီ။ |