“လူတိုင်းသည် ကောင်းသောစပျစ်ဝိုင်ဖြင့် ဦးစွာဧည့်ခံပြီး လူတို့သောက်၍ ယစ်မူးသောအခါ၌သာ အရည်အသွေးညံ့သော စပျစ်ဝိုင်ဖြင့် ဧည့်ခံလေ့ရှိ၏။ သင်ကမူ ကောင်းသောစပျစ်ဝိုင်ကို ယခုထိတိုင် သိမ်းထားပါပြီ” ဟု ဆို၏။
ဗျာဒိတ် 17:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။ Common Language Bible ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။- Garrad Bible သူ သည် သီး သန့် ထား သူ တို့ အ သွေး၊ ယေ ရှု၏ သက် သေ ခံ တော် တို့ အ သွေး နှင့် ယစ် မူး သည် ကို ငါ မြင် ရ၍ အ လွန် အံ့ ဩ သော်၊ Judson Bible ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။ |
“လူတိုင်းသည် ကောင်းသောစပျစ်ဝိုင်ဖြင့် ဦးစွာဧည့်ခံပြီး လူတို့သောက်၍ ယစ်မူးသောအခါ၌သာ အရည်အသွေးညံ့သော စပျစ်ဝိုင်ဖြင့် ဧည့်ခံလေ့ရှိ၏။ သင်ကမူ ကောင်းသောစပျစ်ဝိုင်ကို ယခုထိတိုင် သိမ်းထားပါပြီ” ဟု ဆို၏။
အရှင်၏သက်သေခံဖြစ်သော သတေဖန်အသတ်ခံရစဉ်က အကျွန်ုပ်သည်လည်း အနီးတွင်ရပ်၍ အလိုတူအလိုပါဖြစ်ကာ သူ့ကိုသတ်သောသူတို့၏အဝတ်များကို စောင့်ကြည့်ခဲ့ပါ၏’ ဟု ပြန်လျှောက်၏။
ညီအစ်ကိုမောင်နှမတို့သည် ထိုသူကို သိုးသငယ်၏ အသွေးတော်ဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံဟောပြောသောနှုတ်ကပတ်တော်ဖြင့်လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရမည်ဆိုလျှင်ပင် မိမိတို့၏အသက်ကို မနှမြောကြ။
ထိုသားရဲသည် ထိုရုပ်တုအား အသက်သွင်းသည့် အခွင့်အာဏာကို ရရှိ၏။ ဤသည်မှာ ထိုရုပ်တုအား စကားပြောစေရန်နှင့် ထိုရုပ်တုကို မကိုးကွယ်သောသူတို့အား သတ်ရန်ဖြစ်၏။
ထိုသားရဲသည် ဘုရားသခင်၏ သန့်ရှင်းသူတို့ကို တိုက်၍ အောင်နိုင်ခွင့်ရ၏။ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို အုပ်စိုးခွင့်လည်း ရ၏။
ထိုသူတို့သည် သန့်ရှင်းသူတို့နှင့် ပရောဖက်တို့၏ သွေးကို သွန်းခဲ့ကြသဖြင့် ထိုသူတို့နှင့် ထိုက်တန်သည့်အတိုင်း ကိုယ်တော်သည် ထိုသွေးကို သူတို့အား တိုက်တော်မူ၏” ဟုပြောသည်ကို ကျွန်ုပ်ကြားရ၏။
သင်သည် စာတန်အုပ်စိုးသည့်နေရာ၌ နေကြောင်းကို ငါသိ၏။ သို့သော် သင်သည် ငါ၏နာမကို စွဲကိုင်နေလျက်ရှိသေး၏။ ငါ၏သစ္စာရှိသောသက်သေခံ အန္တိပသည် ဤစာတန်အုပ်စိုးသည့်နေရာ၌ အသတ်ခံရချိန်၌ပင် သင်သည် ငါ့အပေါ် ထားရှိသော သင်၏ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ပေ။