ထို့နောက် ကောင်းကင်၌ အခြားနိမိတ်လက္ခဏာတစ်ခုကို မြင်ရပြန်၏။ ခေါင်းခုနစ်လုံး၊ ဦးချိုဆယ်ချောင်း ပါရှိသော အနီရောင်နဂါးကြီးတစ်ကောင်သည် ခေါင်းများပေါ်တွင် သရဖူခုနစ်ခုကို ဆောင်းထား၏။
ဗျာဒိတ် 17:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် အနီရောင်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းကြလိမ့်မည်။ သူ၌ ရှိသမျှအရာကို ဖျက်ဆီး၍ အဝတ်ဗလာဖြစ်စေလိမ့်မည်။ သူ၏ အသားကိုလည်း စား၍ မီးရှို့ကြလိမ့်မည်။ Common Language Bible သင်မြင်ရသောသားရဲနှင့်ဦးချိုဆယ်ချောင်း တို့သည် ပြည့်တန်ဆာမကိုမုန်းကြလိမ့်မည်။ သူတို့သည်ပြည့်တန်ဆာမထံမှရှိသမျှ ကိုချွတ်ယူလျက်အဝတ်အချည်းစည်းဖြစ် စေကြလိမ့်မည်။ သူ၏အသားကိုစား၍သူ့ ကိုမီးရှို့ကြလိမ့်မည်။- Garrad Bible သင် မြင် သော ဦး ချို ဆယ် ချောင်း နှင့် သား ရဲ သည် ထို ပြည့် တန် ဆာ ကို မုန်း ထား သ ဖြင့် မြို့ ဆိုး ကုန်း အ ချည်း စီး ဖြစ် စေ လျက် သူ့ အ သား ကို စား၍ မီး ဖြင့် ကျွမ်း စေ ကြ လိမ့် မည်။ Judson Bible ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည့်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကို ချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။ |
ထို့နောက် ကောင်းကင်၌ အခြားနိမိတ်လက္ခဏာတစ်ခုကို မြင်ရပြန်၏။ ခေါင်းခုနစ်လုံး၊ ဦးချိုဆယ်ချောင်း ပါရှိသော အနီရောင်နဂါးကြီးတစ်ကောင်သည် ခေါင်းများပေါ်တွင် သရဖူခုနစ်ခုကို ဆောင်းထား၏။
ဆဋ္ဌမကောင်းကင်တမန်သည် သူ၏ ဖလားကို ယူဖရေးတီးမြစ်ကြီးပေါ်သို့ သွန်းလောင်းလိုက်သောအခါ မြစ်ရေခန်းခြောက်သွား၏။ ထို့ကြောင့် အရှေ့ပြည်၌ရှိသော ဘုရင်များအတွက် လမ်းပွင့်သွား၏။
ရှင်ဘုရင်ခုနစ်ပါးကိုလည်း ကိုယ်စားပြု၏။ ထိုခုနစ်ပါးတွင် ငါးပါးသည် ကျဆုံးပြီ။ ဆဋ္ဌမမြောက်ဘုရင်သည် ယခုနန်းစံလျက်ရှိ၏။ သတ္တမမြောက်ဘုရင်မှာ နန်းမတက်သေး။ နန်းတက်လျှင်လည်း သူ၏ နန်းသက်မှာ တိုတောင်းလိမ့်မည်။
သူတို့သည် ဖုန်မှုန့်များကို မိမိတို့၏ ခေါင်းပေါ်တွင် ကြဲပြီး “အလိုလေး… ဖြစ်ရလေချင်း။ မိမိ၏စည်းစိမ်ဥစ္စာများကြောင့် ပင်လယ်ကူးသင်္ဘောပိုင်ရှင်များကို ချမ်းသာစေခဲ့သော မြို့ကြီး… သင်သည် တစ်ခဏချင်း၌ ပျက်စီးလေပြီ” ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။
သို့ဖြစ်၍ သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ညည်းတွားခြင်း၊ အစာခေါင်းပါးခြင်းတို့သည် သူ့အပေါ်သို့ တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ မီးသည် သူ့ကို လောင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို တရားစီရင်တော်မူသောအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သည်” ဟူ၍ဖြစ်၏။
ရှင်ဘုရင်၏အသား၊ တပ်မှူး၏အသား၊ စစ်သူရဲ၏အသား၊ မြင်းနှင့် မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူနှင့်ကျွန်များ၊ လူတန်းစားအနိမ့်အမြင့်လူအပေါင်းတို့၏အသားကို လာ၍ စားကြလော့” ဟု ကြွေးကြော်လေ၏။