အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးမှစ၍ ယခုအချိန်အထိ မဖြစ်စဖူး၊ နောင်တွင်လည်း မည်သည့်အခါမျှ ကြုံတွေ့ရမည်မဟုတ်သည့် အလွန်ဆိုးရွားသောဆင်းရဲဒုက္ခသည် ထိုကာလ၌ ကျရောက်မည်ဖြစ်သောကြောင့်ပင်။
ဗျာဒိတ် 16:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်းတို့ ဖြစ်ပေါ်လာပြီးနောက် ပြင်းထန်သောငလျင်လှုပ်လေ၏။ ကမ္ဘာမြေပေါ်တွင် လူတို့ပေါ်ပေါက်လာသည့်အချိန်မှစ၍ ဤမျှ ပြင်းထန်သောငလျင်မျိုး မလှုပ်ခဲ့ဖူးပေ။ Common Language Bible ထိုနောက်လျှပ်ပန်းလျှပ်နွယ်များ၊ တော်လဲသံများ၊ မိုးကြိုးသံများထွက်ပေါ်လျက်မြေငလျင်ပြင်း စွာလှုပ်လေ၏။ လူ့သမိုင်းတွင်ဤမျှပြင်းထန်စွာ မြေငလျင်လှုပ်ခြင်းမရှိဘူးချေ။- Garrad Bible လျှပ် ပြက် ခြင်း၊ မိုး ချုန်း ခြင်း၊ ထစ် ခြင်း များ ပြင် မြေ ကြီး ပေါ် မှာ လူ နေ သည် က စ၍ မ ဖြစ် စ ဖူး အ လွန် ကြီး ကျယ် ပြင်း ထန် သော င လျင် လှုပ် ခြင်း ဖြစ် သ ဖြင့်၊ Judson Bible လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လာ၍ ငလျင်ပြင်းထန်စွာလှုပ်လေ၏။ မြေကြီးပေါ်တွင် လူဖြစ်ပေါ်လာချိန်မှစ၍ ထိုမျှလောက်ကြီးမား၍ပြင်းထန်သောငလျင်မျိုးသည် မဖြစ်ခဲ့ဖူးပေ။ |
အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးမှစ၍ ယခုအချိန်အထိ မဖြစ်စဖူး၊ နောင်တွင်လည်း မည်သည့်အခါမျှ ကြုံတွေ့ရမည်မဟုတ်သည့် အလွန်ဆိုးရွားသောဆင်းရဲဒုက္ခသည် ထိုကာလ၌ ကျရောက်မည်ဖြစ်သောကြောင့်ပင်။
ထိုအချိန်တွင် အလွန်ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုကျသွား၏။ ထိုငလျင်ဒဏ်ကြောင့် လူခုနစ်ထောင် သေဆုံး၍ အသက်ရှင်ကျန်ရစ်သူများသည် ထိတ်လန့်ကာ ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြ၏။
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
ရာဇပလ္လင်တော်မှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်းတို့ထွက်ပေါ်လာ၏။ ထိုပလ္လင်တော်ရှေ့တွင် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးကို ကိုယ်စားပြုသည့် မီးတုတ်ခုနစ်ခုတို့သည် တောက်လောင်လျက်ရှိ၏။
သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ပြင်းထန်သောငလျင်လှုပ်သည်ကို ကျွန်ုပ်မြင်ရ၏။ နေသည် ဆိတ်မွေးဖြင့်ရက်သောအထည်ကြမ်းကဲ့သို့ မည်းလာပြီး လသည်လည်း သွေးနီရောင်ပြောင်းသွား၏။
ထို့နောက်ကောင်းကင်တမန်သည် ယဇ်ပလ္လင်ပေါ်မှ မီးကို အမွှေးနံ့သာပူဇော်ရာခွက်ထဲသို့ ထည့်၍ ကမ္ဘာမြေပေါ်သို့ ပစ်ချလိုက်ရာ မိုးခြိမ်းခြင်း၊ အသံမြည်ဟည်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ၏။