ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၍ ကျောက်တုံးများလည်း အက်ကွဲကြ၏။
ဗျာဒိတ် 15:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ ကောင်းကင်ဘုံရှိ သက်သေခံချက်ပါသည့် တဲတော်ဖြစ်သောဗိမာန်တော်သည် ပွင့်နေသည်ကို မြင်ရ၏။ Common Language Bible ထိုနောက်ကောင်းကင်ဘုံ၌ပဋိညာဉ်တဲတော်ရှိ သော ဗိမာန်တော်သည်ပွင့်၍လာသည်ကိုမြင်ရ၏။- Garrad Bible ထို နောက် ငါ မျှော် ကြည့် သော် ကောင်း ကင် ဘုံ တွင် သက် သေ တော် ရှိ၊ စံ တော် မူ ရာ ဗိ မာန် တော် ပွင့် ရာ၊ Judson Bible ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ရှိသောသက်သေခံချက်တဲတော်တည်ရာဗိမာန်တော်သည် ဖွင့်ထားလျက်ရှိ၍ |
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၍ ကျောက်တုံးများလည်း အက်ကွဲကြ၏။
မောရှေသည် တဲတော်ဆောက်သောအခါ ဘုရားသခင်က “တောင်ပေါ်၌ သင့်အား ပြသောပုံစံအတိုင်း အရာအားလုံးကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်ဖြစ်၍ ထိုယဇ်ပုရောဟိတ်များအမှုထမ်းဆောင်ရာ တဲတော်သည်လည်း ကောင်းကင်ဘုံ၌ ရှိသော တဲတော်ကို ထင်ဟပ်ရန်နှင့် ပုံတူယူရန်ဖြစ်၏။
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
သူသည် ဘုရားသခင်၏ နာမတော်ကိုလည်းကောင်း၊ စံမြန်းရာတဲတော်ဖြစ်သည့် ကောင်းကင်ဘုံ၌စံမြန်းသောသူတို့ကိုလည်းကောင်း ရှုတ်ချလျက် ကိုယ်တော်အား အသရေဖျက်ပြောဆိုလေ၏။