ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
ဗျာဒိတ် 13:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မြေကြီးထဲမှ ထွက်လာသော အခြားသားရဲတစ်ကောင်ကို ကျွန်ုပ်မြင်ရပြန်၏။ ထိုသားရဲသည် သိုးသငယ်၏ဦးချိုနှင့်တူသော ဦးချိုနှစ်ချောင်း ပါရှိပြီး နဂါးကဲ့သို့ စကားပြော၏။ Common Language Bible ထိုနောက်အခြားသားရဲတစ်ကောင်ကိုငါမြင် ရ၏။ သူသည်မြေကြီးထဲမှထွက်လာ၏။ သူ့ မှာသိုးချိုနှင့်တူသောဦးချိုနှစ်ချောင်းရှိ၏။ သူသည်နဂါးကဲ့သို့စကားပြော၏။- Garrad Bible တစ် ဖန်၊ သိုး သား ငယ် ကဲ့ သို့ ဦး ချို နှစ် ချောင်း နှင့် ပြည့် စုံ၍ န ဂါး ဟိန်း သံ နှင့် ပြော ဆို သော အ ခြား သား ရဲ တစ် ကောင် သည် မြေ က ပေါ် လာ သည် ကို ငါ မြင် ရာ၊ Judson Bible အခြားသော သားရဲတစ်ကောင်သည်၊ သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကို ငါမြင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မြေကြီးထဲမှထွက်လာသော အခြားသားရဲတစ်ကောင်ကို ငါမြင်ရ၏။ သူသည် သိုးသငယ်၏ဦးချိုနှင့်တူသော ဦးချိုနှစ်ချောင်းရှိ၍ နဂါးကဲ့သို့စကားပြော၏။ |
ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။
ထိုသူသည် ဘုရားဟု ခေါ်၍ လူတို့ ကိုးကွယ်ကြသော အရာအားလုံးကို ဆန့်ကျင်လျက် မိမိကိုယ်ကိုယ် ချီးမြှောက်လိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်တွင် ထိုင်လျက် မိမိကိုယ်ကိုယ် ဘုရားသခင်ဖြစ်ကြောင်း ကြွေးကြော်လိမ့်မည်။
သူတို့သက်သေခံပြီးသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲသည် သူတို့ကို တိုက်ခိုက်အောင်နိုင်၍ သတ်ဖြတ်လိမ့်မည်။
ထိုအခါ နဂါးသည် အမျိုးသမီးအပေါ် ဒေါသထွက်သဖြင့် ကျန်ရှိနေသေးသော ထိုအမျိုးသမီး၏ မျိုးဆက်များကို တိုက်ရန် ထွက်ခွာသွား၏။ ထိုမျိုးဆက်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာသူများ၊ ယေရှုအကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသူများဖြစ်ကြ၏။
ထို့နောက် သားရဲတစ်ကောင် ပင်လယ်ထဲမှ တက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုသားရဲ၌ ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး ထိုဦးချိုများတွင် သရဖူဆယ်ခုရှိ၏။ ခေါင်းတစ်လုံးစီအပေါ်၌ ဘုရားသခင်ကို စော်ကားသောအမည်များကို ရေးထား၏။
ထိုသားရဲ၏ အမည်၊ သို့မဟုတ် သူ၏ အမည်ကို ကိုယ်စားပြုသောကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ် မရှိလျှင် မည်သူမျှ အရောင်းအဝယ် ပြုခွင့်မရ။
နဂါးသည် မိမိ၏ အခွင့်အာဏာကို ထိုသားရဲအား ပေးအပ်သောကြောင့် သူတို့သည် နဂါးကို ကိုးကွယ်ကြ၏။ “မည်သူသည် သားရဲနှင့် တူသနည်း။ မည်သူသည် သူ့ကို တိုက်နိုင်သနည်း” ဟု ပြောဆိုလျက် သားရဲကိုလည်း ကိုးကွယ်ကြ၏။
ထို့နောက် ဖားနှင့်တူသော နတ်ဆိုးသုံးကောင်ကို ကျွန်ုပ်မြင်ရ၏။ ထိုနတ်ဆိုးတို့သည် နဂါး၊ သားရဲနှင့် ပရောဖက်အတုအယောင်တို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။