ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
ဗျာဒိတ် 10:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်ရမည့်နေ့ရက်တွင် ဘုရားသခင်သည် မိမိအစေအပါး ပရောဖက်များအား ဟောပြောကြေညာတော်မူသည့်အတိုင်း မိမိ၏ လျှို့ဝှက်နက်နဲသောအကြံအစည်သည် ပြီးမြောက်လိမ့်မည်” ဟု ကျိန်ဆို၏။ Common Language Bible သတ္တမကောင်းကင်တမန်တံပိုးခရာမှုတ်သော အခါ၌ ကိုယ်တော်သည်မိမိ၏နက်နဲသော အကြံအစည်တော်တို့ကိုပြီးမြောက်စေ တော်မူမည်'' ဟုဆိုလေသည်။ မြန်မာ့စံမီသမ္မာကျမ်း သတ္တမကောင်းကင်တမန်မှုတ်ရမည့် တံပိုးခရာမှုတ်သံမြည်သောနေ့ရက်ကာလ၌ ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာသည် မိမိအစေအပါးပရောဖက်တို့အား ပြောကြားခဲ့သည့်အတိုင်း ပြည့်စုံခြင်းသို့ရောက်လိမ့်မည်”ဟု ဆို၏။ |
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်ကြသောသူများဟူသော တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် လူမျိုးအသီးသီးတို့အား ထာဝရသတင်းကောင်းကို ဟောပြောရန် ကောင်းကင်အလယ်၌ ပျံသန်းနေသည်ကို ကျွန်ုပ်မြင်ရ၏။
မိမိအကြံအစည်တော်အတိုင်း လုပ်ဆောင်မည့်သဘောကို ဘုရားသခင်သည် ထိုသူတို့၏စိတ်ထဲသို့ ထည့်သွင်းတော်မူ၏။ ဤသည်မှာ သူတို့သည် ဘုရားသခင်မိန့်တော်မူသောအရာများ ဖြစ်ပျက်လာချိန်အထိ မိမိတို့၏နိုင်ငံအုပ်စိုးခွင့်ကို သားရဲအား သဘောတညီတညွတ်တည်းပေးအပ်ရန် ဖြစ်၏။