ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
ဗျာဒိတ် 1:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။ Common Language Bible သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။- Garrad Bible အ ရှင် ဘု ရား နေ့ တွင် ဝိ ညာဉ် တော် ဝင် စား စဉ် နောက် က တံ ပိုး မှုတ် သံ သ ဖွယ် ကျယ် စွာ ထွက် သည် ကား။ Judson Bible သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍၊ တံပိုးခရာ အသံကဲ့သို့ ငါ့နောက်၌ မြည်သောအသံကြီးကို ကြား၏။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။ |
ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
တနင်္ဂနွေနေ့ညနေတွင် တပည့်တော်တို့သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် အခန်းတံခါးများကို ပိတ်၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှုသည် ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန်စုဝေးကြ၏။ သောမသည်လည်း ထိုသူတို့နှင့်အတူ ရှိ၏။ သူတို့သည် တံခါးများကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှုသည် ယခင်ကဲ့သို့ ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
ရက်သတ္တပတ်၏ပထမနေ့ရက်၌ ကျွန်ုပ်တို့သည် မုန့်ကိုချိုးဖဲ့ရန် အတူတကွစုဝေးကြ၏။ ပေါလုသည် နောက်တစ်ရက်တွင် ထိုမြို့မှ ထွက်ခွာရန် ရည်ရွယ်ထားသောကြောင့် ညသန်းခေါင်အချိန်ထိ တရားတော်ကို ဟောပြောလျက်နေ၏။
ထို့ကြောင့် သင်တို့အား ကျွန်ုပ်သိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ယေရှုကို ကျိန်မည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မဟုတ်လျှင် မည်သူကမျှ ယေရှုသည် သခင်ဖြစ်ကြောင်း ပြောနိုင်မည်မဟုတ်။
ကျွန်ုပ်ရောက်လာသောအခါ အလှူငွေကောက်ခံစရာ မလိုစေရန် အပတ်တိုင်း၏ ပထမနေ့တွင် သင်တို့တစ်ဦးချင်းစီက ရရှိသောဝင်ငွေထဲမှ တချို့ကို ထုတ်၍ စုထားကြလော့။
ထို့နောက် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကောင်းကင်တမန်သည် ကျွန်ုပ်ကို တောကန္တာရသို့ ခေါ်ဆောင်သွား၏။ ထိုနေရာ၌ အနီရောင်သားရဲပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို မြင်ရ၏။ ထိုသားရဲတွင် ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး တစ်ကိုယ်လုံး၌လည်း ဘုရားသခင်အား စော်ကားသောအမည်များကို အပြည့်ရေးထား၏။
ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကောင်းကင်တမန်သည် ကျွန်ုပ်ကို ကြီးမား၍ မြင့်မားသောတောင်သို့ ခေါ်ဆောင်သွားကာ ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်သည့် သန့်ရှင်းသောမြို့တော် ဂျေရုဆလင်မြို့ကို ကျွန်ုပ်အား ပြ၏။