နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။
ဖိလေမုန် 1:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်သည် ယုံကြည်သူအပေါင်းတို့ကို ချစ်၍ သခင်ယေရှုခရစ်တော်ကို ယုံကြည်ကြောင်း ကျွန်ုပ်ကြားရသောကြောင့် ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သခင်ယေရှုနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ်၌ သင်ထားရှိသော သင်၏ချစ်ခြင်းမေတ္တာနှင့်ယုံကြည်ခြင်းအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။ |
နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။
ယုံကြည်သူများ အကူအညီ လိုအပ်သောအခါ ကူညီရန် အသင့်ရှိကြလော့။ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုကြလော့။
ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများအတွက် အလှူငွေကောက်ခံခြင်းနှင့်ပတ်သက်၍ ဂလာတိပြည်ရှိ အသင်းတော်များကို ကျွန်ုပ်လမ်းညွှန်ထားသကဲ့သို့ သင်တို့သည်လည်း ထိုနည်းအတိုင်း ပြုကြလော့။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ထို့ကြောင့် သခင်ယေရှုအပေါ် ထားသော သင်တို့၏ ယုံကြည်ခြင်းနှင့် ယုံကြည်သူများအပေါ် ထားသော သင်တို့၏ ချစ်ခြင်းအကြောင်းတို့ကို ကြားသည့်အချိန်မှစ၍
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယေရှုခရစ်တော်ကို ယုံကြည်ကြကြောင်းနှင့် ယုံကြည်သူအပေါင်းတို့ကို ချစ်ကြကြောင်း ကျွန်ုပ်တို့ကြားသိရသောကြောင့် ဖြစ်၏။
သို့သော် တိမောသေသည် ယခု သင်တို့ထံက ပြန်ရောက်လာပြီး သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းအကြောင်း သတင်းကောင်းကို ယူဆောင်လာ၏။ သင်တို့သည် ကျွန်ုပ်တို့ကို သတိရတိုင်း ကြည်နူးမှုကို ခံစားရပြီး သင်တို့ကို ကျွန်ုပ်တို့တွေ့ဆုံလိုသကဲ့သို့ ကျွန်ုပ်တို့ကို သင်တို့တွေ့ဆုံလိုကြောင်း တိမောသေပြောပြ၏။
ကျွန်ုပ်၏ညီ… သင်သည် ယုံကြည်သူအပေါင်းတို့၏ စိတ်ကို လန်းဆန်းစေသည်ဖြစ်၍ သင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်အား အလွန်ဝမ်းမြောက်စေလျက် စိတ်ခွန်အားဖြစ်စေ၏။
ဘုရားသခင် ပညတ်တော်မူသည်မှာ သားတော်ယေရှုခရစ်တော်၏ နာမတော်ကို ယုံကြည်၍ ကျွန်ုပ်တို့ကို ပညတ်တော်မူသည့်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်၏။