Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လေ​မုန် 1:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​၌ သင်​ထားရှိ​သော သင်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံကြည်​ခြင်း​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 အဘယ်ကြောင့်ဆိုသော် သင်​သည် ယုံကြည်သူ​အပေါင်းတို့​ကို ချစ်​၍ သခင်​ယေရှု​ခရစ်တော်​ကို ယုံကြည်ကြောင်း ကျွန်ုပ်​ကြားရ​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လေ​မုန် 1:5
13 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာမြေကြီး​ပေါ်​ရှိ သန့်ရှင်း​သော​သူ​တို့​နှင့်​ပတ်သက်၍​မူကား သူ​တို့​သည် ကြီးမြတ်​သော​သူ​ဖြစ်​ကြ​၏​။ ငါ​သည် သူ​တို့​ကို အလွန်​နှစ်သက်​၏​။


ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။


သန့်ရှင်း​သူ​တို့​၏​လိုအပ်​ချက်​များ​ကို ပါဝင်​ဖြည့်ဆည်း​လျက် ဧည့်ဝတ်​ကို ကြိုးစား​ပြု​ကြ​လော့။


သန့်ရှင်း​သူ​တို့​အတွက် အလှူ​ကောက်ခံ​ခြင်း​နှင့်​ပတ်သက်၍ ဂလာတိ​ပြည်​ရှိ အသင်းတော်​များ​ကို ငါ​မှာထား​သကဲ့သို့ သင်​တို့​သည်​လည်း ထိုနည်းတူ​ပြု​ကြ​လော့။


ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။


ထို့ကြောင့် ငါ​သည်​လည်း သခင်​ယေရှု​အပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​ထားရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ကြားသိ​သဖြင့်


အကြောင်းမှာ ခရစ်တော်​ယေရှု​အပေါ်​၌​ရှိ​သော​သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ် သင်​တို့​ထားရှိ​သည့် ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။


သို့သော် ယခု တိမောသေ​သည် သင်​တို့​ထံမှ​ပြန်လာ​၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​နှင့်ပတ်သက်​သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို ငါ​တို့​အား​ပြောပြ​၏။ ထို့ပြင် သင်​တို့​သည် ငါ​တို့​ကို အစဉ်အမြဲ​ကောင်းမွန်​စွာ​သတိရ​လျက် ငါ​တို့​သည် သင်​တို့​ကို အလွန်​တွေ့မြင်​လို​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​တို့​ကို အလွန်​တွေ့မြင်​လို​ကြောင်း ပြောပြ​၏။


ငါ့​ညီ၊ သန့်ရှင်း​သူ​တို့​၏​စိတ်နှလုံး​သည် သင့်​အားဖြင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​ပြီ​ဖြစ်၍ သင်​၏​ချစ်​ခြင်း​မေတ္တာ​ကြောင့် ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် တိုက်တွန်း​အားပေး​ခြင်း​တို့​ကို ငါ​ခံစားရ​၏။


ဘုရားသခင်​၏​ပညတ်​တော်​ကား သား​တော်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ယုံကြည်​၍ ငါ​တို့​အား​ပေး​ထား​သည့်​ပညတ်​တော်​အတိုင်း အချင်းချင်း​ချစ်​ကြ​ရန်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ