ပေါလုနှင့်သိလတို့သည် ထောင်မှထွက်လာပြီးနောက် လုဒိအိမ်သို့ သွားကြ၏။ ထိုနေရာတွင် ယုံကြည်သူများကို တွေ့မြင်သဖြင့် အားပေးတိုက်တွန်းပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြ၏။
ဖိလိပ္ပိ 4:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ဖိလိပ္ပိမြို့သူမြို့သားတို့… သတင်းကောင်းကို သင်တို့ စတင်ကြားသိချိန်၊ မာကေဒေါနိပြည်မှ ကျွန်ုပ်ထွက်လာသောအချိန်၌ သင်တို့သာလျှင် ငွေကြေးလှူဒါန်းခြင်းဖြင့် ပါဝင်ကူညီခဲ့ကြ၏။ အခြားမည်သည့် အသင်းတော်ကမျှ မလှူဒါန်းခဲ့ကြောင်း သင်တို့သိကြ၏။ Common Language Bible အချင်းဖိလိပ္ပိအသင်းတော်သားတို့၊ ငါသည် မာကေဒေါနိပြည်မှထွက်ခွာ၍ သတင်းကောင်း ကိုစတင်ကြေညာသောအခါ၌ သင်တို့ အသင်းတော်တစ်ပါးတည်းကသာလျှင်ငါ့ အားကူညီခဲ့ကြောင်း၊ အမှုတော်ဆောင်လုပ် ငန်းတွင်သင်တို့ကသာလျှင် ငါနှင့်အတူ ဖက်စပ်အဖြစ်နှင့်အရှုံးအမြတ်ရှိလျက် လုပ်ဆောင်ခဲ့ကြကြောင်းကို သင်တို့ကိုယ် တိုင်ကောင်းစွာသိကြ၏။- Garrad Bible အ ချင်း ဖိ လိ ပ္ပိ အ သင်း တော် သား တို့ သ တင်း တော် မြတ် ကို ကြား ပြော စ ပြု စဉ် မာ ကေ ဒေါ နိ ပြည် မှ ငါ ထွက် သွား သည့် ကာ လ သက် သာ လော နိတ် မြို့၌ ရှိ ခိုက် ငါ လို ရာ ကို တ ကြိမ် နှစ် ကြိမ် သင် တို့ ထောက် ပံ့ ကြ သည့် အ တိုင်း၊ ပေး ကမ်း မှု၊ ရ ယူ မှု၌ စ၍ ထောက် ပံ့ သော အ သင်း တော် ကား သင် တို့ တ ပါး သာ ဖြစ် ကြောင်း ကိုယ် တိုင် သိ ကြ၏။ Judson Bible အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတစ်ပါး အဘယ်အသင်းတော်မျှ ငါနှင့်မဆက်ဆံကြ။- မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပိမြို့သူမြို့သားတို့၊ ကောင်းမြတ်သောသတင်းကို စတင်ဟောပြောချိန်၌ မာကေဒေါနိပြည်မှ ငါထွက်လာသောအခါ သင်တို့မှတစ်ပါး မည်သည့်အသင်းတော်မျှ ပေးလှူခြင်းနှင့်လက်ခံခြင်းအမှုတို့၌ ငါနှင့်အတူပါဝင်ခြင်းမရှိခဲ့ကြောင်း သင်တို့သိကြ၏။ |
ပေါလုနှင့်သိလတို့သည် ထောင်မှထွက်လာပြီးနောက် လုဒိအိမ်သို့ သွားကြ၏။ ထိုနေရာတွင် ယုံကြည်သူများကို တွေ့မြင်သဖြင့် အားပေးတိုက်တွန်းပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြ၏။
အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်နှင့် အခါယပြည်ရှိ ယုံကြည်သောသူများက မိမိတို့၏ငွေများကို ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများထဲမှ ဆင်းရဲသောသူတို့အား စေတနာထက်သန်စွာ လှူဒါန်းလိုသောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တွေ့ကြုံခဲ့သော အဖြစ်အပျက်တို့သည် သတင်းကောင်းကို ပို၍ ပျံ့နှံ့စေကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
စေတနာစိတ်ဖြင့် ဟောပြောသောသူတို့က ဘုရားသခင်သည် ကျွန်ုပ်ကို သတင်းကောင်းအတွက် ချေပပြောဆိုရန် ခန့်ထားတော်မူကြောင်းကို သိ၍ ချစ်ခြင်းမေတ္တာဖြင့် ဟောပြောကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်၏ သတင်းကောင်းကို လက်ခံယုံကြည်သည့်နေ့မှစ၍ ယခုအချိန်တိုင်အောင် ထိုသတင်းကောင်းကို ပျံ့နှံ့စေရာတွင် ကျွန်ုပ်နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။