ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
ဖိလိပ္ပိ 2:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ အချင်းချင်းဆက်ဆံရေးတွင် ယေရှုခရစ်တော်၌ရှိသော ထိုစိတ်သဘောထားကို ရှိစေကြလော့။ Common Language Bible ခရစ်တော်ယေရှု၌ရှိသောစိတ်သဘောမျိုး ကိုသင်တို့၌လည်းရှိစေကြလော့။ Garrad Bible ခ ရစ် တော် ယေ ရှု၌ ရှိ သော သ ဘော မျိုး ကို သင် တို့၌ လည်း ရှိ ကြ စေ လော့။ Judson Bible ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်ယေရှု၌ရှိသော ထိုစိတ်သဘောမျိုးကို သင်တို့၌လည်းရှိစေကြလော့။ |
ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
စားပွဲတွင်ထိုင်နေသောသူနှင့် အစေခံနေသောသူတွင် မည်သူသည် ပို၍ မြင့်မြတ်သနည်း။ စားပွဲတွင်ထိုင်နေသောသူသည် မြင့်မြတ်သည်မဟုတ်လော။ သို့သော် ငါသည် သင်တို့အထဲတွင် အစေခံသောသူကဲ့သို့ဖြစ်၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
ဤအရာအားလုံးတို့တွင် အလုပ်ကို ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် ဆင်းရဲသားများအား မစထောက်ပံ့ရမည်ကို ကျွန်ုပ်ပြသခဲ့၏။ ထို့ကြောင့် သခင်ယေရှုကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်းသည် ရယူခြင်းထက် ပို၍မင်္ဂလာရှိ၏’ ဟူသော စကားတော်ကို သတိရကြလော့” ဟု ဆိုလေ၏။
အခြားယုံကြည်သောသူတစ်ယောက်သည် သင်စားသောအစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျှင် သင်သည် မေတ္တာတရားဖြင့် အသက်ရှင်နေထိုင်ရာ မကျတော့ပေ။ ထိုသူအတွက် ခရစ်တော်အသေခံပေးတော်မူခဲ့သည်ဖြစ်ရာ သင်စားသောအစားအစာကြောင့် သူ့ကို မပျက်စီးစေနှင့်။
ကျမ်းစာ၌ “ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏ ကဲ့ရဲ့ခြင်းသည် ကျွန်ုပ်အပေါ်၌လည်း သက်ရောက်ပါ၏” ဟု ရေးသားထားသည့်အတိုင်း ခရစ်တော် ကိုယ်တိုင်ပင်လျှင် မိမိစိတ်ကြိုက် ပြုတော်မမူခဲ့ပေ။
သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ အလိုတော်နှင့်အညီ အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်းရှိသော စိတ်သဘောထားကို သင်တို့အား ပေးသနားတော်မူပါစေ။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
ထိုသို့ ဒုက္ခဆင်းရဲခံရလျှင်ပင် ကောင်းမှုပြုရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ခရစ်တော်သည်လည်း သင်တို့ကိုယ်စား ဆင်းရဲဒုက္ခခံ၍ မိမိခြေရာတော်ကို သင်တို့လိုက်နိုင်ရန် စံနမူနာထားခဲ့တော်မူ၏။
ခရစ်တော်သည် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားခဲ့ရသောကြောင့် သင်တို့သည်လည်း ခရစ်တော်ကဲ့သို့သော သဘောထားဖြင့် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားရသောသူတို့သည် အပြစ်မကျူးလွန်တော့ရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်း ကြွေးကြော်သောသူသည် ယေရှုကဲ့သို့ အသက်ရှင်နေထိုင်ရမည်။