ထိုနည်းတူ သင်တို့သည် ယခုဝမ်းနည်းကြ၏။ သို့သော် ငါသည် သင်တို့နှင့် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကိုလည်း မည်သူကမျှ လုယူဖျက်ဆီး၍ မရနိုင်။
ဖိလိပ္ပိ 2:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့ထံသို့ သူ့ကိုပြန်လည်စေလွှတ်ရန် ကျွန်ုပ် ပို၍ စိတ်အားထက်သန်၏။ ဤသည်မှာ သင်တို့သည် သူ့ကို ပြန်လည်တွေ့မြင်ရသောအခါ ဝမ်းမြောက်ရန်နှင့် ကျွန်ုပ်သည်လည်း စိတ်သက်သာရာရရန် ဖြစ်၏။ Common Language Bible ထို့ကြောင့်သင်တို့သည်သူ့ကိုတစ်ဖန်တွေ့မြင်ရ သဖြင့်ဝမ်းမြောက်ကြစေရန်လည်းကောင်း၊ ငါ ၏ဝမ်းနည်းမှုကိုလည်းပပျောက်သွားစေရန် လည်းကောင်းသူ့အားသင်တို့ထံသို့စေလွှတ် ရန်ငါပို၍စိတ်အားထက်သန်လျက်ရှိ၏။- Garrad Bible သို့ ဖြစ်၍ သူ့ ကို တွေ့ မြင် ရ ပြန် သော် သင် တို့ ရွှင် လန်း ကြ သ ဖြင့် ငါ အ ပူ လျော့ စေ ရန် ဂ ရု စိုက် လျက် ပြန် လွှတ် လိုက်၏။ Judson Bible ထိုကြောင့် သင်တို့သည် သူ့ကိုတစ်ဖန် တွေ့မြင်၍ ဝမ်းမြောက်စေခြင်းငှာလည်းကောင်း၊ ငါသည်လည်း သက်သာခြင်းငှာလည်းကောင်း၊ သူ့ကို သာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့သည် သူ့ကို တစ်ဖန်တွေ့မြင်၍ ဝမ်းမြောက်ကြစေရန်နှင့် ငါသည်လည်း စိတ်သက်သာရာရစေရန် သူ့ကို မဆိုင်းမတွငါစေလွှတ်၏။ |
ထိုနည်းတူ သင်တို့သည် ယခုဝမ်းနည်းကြ၏။ သို့သော် ငါသည် သင်တို့နှင့် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကိုလည်း မည်သူကမျှ လုယူဖျက်ဆီး၍ မရနိုင်။
နောက်တစ်ဖန် သူ့ကို တွေ့မြင်ရတော့မည်မဟုတ်ဟု ပေါလုပြောသောစကားကြောင့် ပို၍ပင် ဝမ်းနည်းကြ၏။ ထို့နောက် ပေါလုကို သင်္ဘောသို့ လိုက်ပို့ကြ၏။
ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်ကို ဝမ်းမြောက်စေရမည့်သူများက ကျွန်ုပ်ကို ဝမ်းနည်းစေမည်စိုးသဖြင့် ယခင်စာကို ရေးပို့ခဲ့ခြင်းဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်လျှင် သင်တို့အားလုံးသည်လည်း ဝမ်းမြောက်ကြမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
သို့ဖြစ်၍ သခင်ဘုရား၏လူ ဖြစ်သည်ကို ထောက်လျက် သူ့အား အလွန်ဝမ်းမြောက်စွာ ကြိုဆိုကြလော့။ ဤကဲ့သို့သောလူတို့ကို ရိုသေကြလော့။
သင်မျက်ရည်ကျသည်ကို သတိရတိုင်း သင့်ကို ကျွန်ုပ်တွေ့လိုလှ၏။ သို့မှသာ ကျွန်ုပ်ဝမ်းမြောက်နိုင်လိမ့်မည်။