ဖိလိပ္ပိ 1:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မနာလိုစိတ်၊ ရန်လိုစိတ်တို့ဖြင့် ဟောပြောသောသူတို့ကမူ ကျွန်ုပ် အကျဉ်းချခံရစဉ် ကျွန်ုပ်အပေါ် ဆင်းရဲဒုက္ခတိုးပွားစေရန် ရည်ရွယ်လျက် ရိုးသားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်သောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ Common Language Bible အခြားသောသူတို့သည်ကားခရစ်တော်၏ အကြောင်းကိုစိတ်ရိုးသဘောရိုးဖြင့်မဟုတ်ဘဲ ကျော်ကြားလိုသောဆန္ဒဖြင့်ဟောပြောကြ၏။ သူတို့၏အကြံမှာအကျဉ်းခံနေရသူငါ့ အားပို၍စိတ်ဒုက္ခရောက်စေရန်ပင်ဖြစ်၏။ Garrad Bible ထို သူ တို့ မူ ကား ကြည် လင် သော စိတ် မ ရှိ။ ငါ အ ကျဉ်း ခံ ရ သည် တွင် စိတ် ဒု က္ခ ထပ် ရောက် စေ ရန် အ ကြံ နှင့် ဖီ ဆန် လို သော စိတ် အ လျောက် ကြော် ငြာ ကြ၏။ သို့ ဖြစ် လျင် မည် သို့ နည်း။ Judson Bible ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အခြားသောသူတို့မူကား ငါအချုပ်အနှောင်ခံရခြင်း၌ ဆင်းရဲဒုက္ခကို ပိုမိုများပြားစေလိုသောအကြံနှင့် ရိုးသားသောစိတ်အားဖြင့်မဟုတ်ဘဲ တုပြိုင်လိုသောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ |
ပေါလုက “ညီအစ်ကိုတို့နှင့် ဖခင်တို့… ယခု သင်တို့ရှေ့တွင်ပြောဆိုမည့် ကျွန်ုပ်၏ချေပချက်ကို နားထောင်ကြပါ” ဟု အစချီသော်
ထိုအခါ အဂြိပ္ပမင်းကြီးက ပေါလုအား “သင့်အကြောင်းကို သင်ကိုယ်တိုင် လျှောက်ထားနိုင်သည်” ဟု ဆို၏။ ပေါလုသည် လက်ကိုဆန့်၍ ချေပလျှောက်ထားသည်မှာ
ထိုသို့ ပေါလုချေပလျှောက်ထားနေစဉ် ဖေတ္တုမင်းက “ပေါလု… သင်ရူးနေပြီ။ အတတ်ကြူး၍ အရူးဖြစ်ပြီ” ဟု ကျယ်လောင်စွာ ပြောဆိုလေ၏။
သို့သော် မိမိတို့ကိုယ်ကျိုးအတွက်သာ အသက်ရှင်၍ သမ္မာတရားကို မလိုက်နာဘဲ ဆိုးယုတ်စွာ အသက်ရှင်သောသူတို့အပေါ် ဘုရားသခင်သည် မိမိ၏ ဒေါသနှင့်အမျက်ကို ကျရောက်စေတော်မူလိမ့်မည်။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ဟန်ဆောင်၍ပင် ဖြစ်စေ၊ ရိုးသား၍ပင် ဖြစ်စေ မည်သည့်နည်းဖြင့်မဆို ခရစ်တော်၏အကြောင်းကို ဟောပြောခြင်းဖြစ်သောကြောင့် ကျွန်ုပ်ဝမ်းမြောက်၏။ ဆက်၍လည်း ဝမ်းမြောက်နေဦးမည်။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
တစ်ကိုယ်ကောင်းဆန်သောစိတ်၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသောစိတ်ဖြင့် မည်သည့်အမှုကိုမျှ မပြုကြနှင့်။ တစ်ပါးသူတို့သည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်ဖြင့် မှတ်ယူကြလော့။
ထို့ကြောင့် လူမျိုးခြားတို့ကို ယုံကြည်ခြင်းနှင့် သမ္မာတရားအကြောင်း သင်ကြားရန် ကျွန်ုပ်သည် တရားဟောဆရာအဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်သည် မလိမ်ညာဘဲ အမှန်အတိုင်းသာ ပြောဆိုခြင်းဖြစ်၏။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။
ကျွန်ုပ်၏အမှုကို ပထမဆုံးအကြိမ် ချေပပြောဆိုရာတွင် မည်သူမျှ ကျွန်ုပ်ဘက်၌ မကူညီဘဲ လူတိုင်းကျွန်ုပ်ကို စွန့်ပစ်ခဲ့ကြ၏။ ဤအရာကြောင့် သခင်ဘုရားသည် ထိုသူတို့ကို အပြစ်တင်တော်မမူပါစေနှင့်။