သခင်က ‘မိုက်မဲသောအစေခံ ငါသည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကို ရိတ်သိမ်းတတ်သူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
တိတု 3:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့သောသူသည် အကျင့်စာရိတ္တပျက်ပြားသူဖြစ်ကြောင်း သင်သိ၏။ သူ၏ အပြစ်များကပင် သူ၌ အပြစ်ရှိကြောင်း ဖော်ပြနေ၏။ Common Language Bible ထိုသို့သောသူသည်ဖောက်ပြန်သောသူဖြစ် ကြောင်းသင်သိ၏။ ထိုသူ့အပြစ်သည်သူအပြစ် ရှိကြောင်းကိုသက်သေထူလျက်ရှိပေသည်။ Garrad Bible ထို သို့ သော သူ တို့ သ ဘော ပေါက်၍ တ မင် ပြစ် မှား ကြောင်း သိ လျက် ပယ် ရှား လော့။ Judson Bible ထိုသို့သောသူသည် ကိုယ်အပြစ်ကို သိလျက်ပင် အပြစ်ပြု၍ မှောက်လှန်သော စိတ်ရှိသောသူ ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောသူသည် ဖောက်ပြန်လွဲမှားသောသူဖြစ်ပြီး မိမိမှားယွင်းနေကြောင်းသိလျက်နှင့် အပြစ်ပြုနေသူဖြစ်ကြောင်း သိမှတ်လော့။ |
သခင်က ‘မိုက်မဲသောအစေခံ ငါသည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကို ရိတ်သိမ်းတတ်သူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
သို့သော်လည်း ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်တို့သည် မိမိတို့ကိုယ်ကျိုးအတွက် ဘုရားသခင်၏ အကြံအစည်တော်ကို ငြင်းပယ်၍ ယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာကို မခံယူကြပေ။
သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရ။ မယုံကြည်သောသူမှာမူ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းခံရပြီ။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
ပညတ်တရား၌ ပါသမျှသောပြဋ္ဌာန်းချက်များသည် ထိုပညတ်တရားကို ခံယူရရှိသောသူတို့အတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ပညတ်တရား၏ ရည်ရွယ်ချက်မှာ လူတို့ကို မိမိတို့၏အပြစ်အတွက်ဆင်ခြေမပေးရန်နှင့် လောကီသားအားလုံးသည် ဘုရားသခင်ရှေ့တော်၌ အပြစ်ရှိကြောင်း ဖော်ပြရန်ဖြစ်၏။
ဤအကြောင်းအရာများကို သူတို့အား သတိပေးလော့။ အကျိုးမရှိဘဲ ကြားရသောသူတို့ကို ပျက်စီးစေတတ်သော စကားလုံးအသုံးအနှုန်းအတွက် မငြင်းခုံကြရန် ဘုရားသခင်ရှေ့တော်၌ အလေးအနက် ညွှန်ကြားလော့။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မသမာနည်းဖြင့် ငွေရှာလိုသောကြောင့် မသွန်သင်သင့်သော အရာများကို သွန်သင်လျက် အချို့မိသားစုများ၏ ယုံကြည်ခြင်းကို ပျက်စီးစေကြ၏။
သမ္မာတရားကို ဆန့်ကျင်သူတို့၏ ပညတ်ချက်များနှင့် ဂျူးလူမျိုးတို့၏ ဒဏ္ဍာရီများကို သူတို့သည် ဂရုမစိုက်ဘဲ နေရမည်။
ကျွန်ုပ်တို့သည် သမ္မာတရားကို သိရှိပြီးနောက် တမင်တကာ ဆက်လက် အပြစ်ကျူးလွန်နေလျှင် ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။