Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တိ​တု 3:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုသို့​သော​သူ​သည် ဖောက်ပြန်​လွဲမှား​သော​သူ​ဖြစ်​ပြီး မိမိ​မှားယွင်း​နေ​ကြောင်း​သိ​လျက်​နှင့် အပြစ်​ပြု​နေ​သူ​ဖြစ်ကြောင်း သိမှတ်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ထို​သို့​သော​သူ​သည်​ဖောက်​ပြန်​သော​သူ​ဖြစ် ကြောင်း​သင်​သိ​၏။ ထို​သူ့​အ​ပြစ်​သည်​သူ​အ​ပြစ် ရှိ​ကြောင်း​ကို​သက်​သေ​ထူ​လျက်​ရှိ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို သို့ သော သူ တို့ သ ဘော ပေါက်၍ တ မင် ပြစ် မှား ကြောင်း သိ လျက် ပယ် ရှား လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​သို့​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို သိ​လျက်​ပင် အ​ပြစ်​ပြု၍ မှောက်​လှန်​သော စိတ်​ရှိ​သော​သူ ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထိုသို့သောသူ​သည် အကျင့်​စာရိတ္တ​ပျက်ပြားသူ​ဖြစ်ကြောင်း သင်​သိ၏။ သူ​၏ အပြစ်များ​ကပင် သူ​၌ အပြစ်ရှိကြောင်း ဖော်ပြနေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တိ​တု 3:11
13 ပူးပေါင်းရင်းမြစ်များ  

သခင်​က​လည်း ‘ဆိုးညစ်​သော​အစေအပါး၊ သင်​၏​နှုတ်ထွက်​စကား​အတိုင်း သင့်​ကို ငါ​စီရင်​မည်။ ငါ​သည် မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​၍ မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သည့် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်


သို့သော် ဖာရိရှဲ​နှင့်​ကျမ်းတတ်​ပုဂ္ဂိုလ်​တို့​သည် ယောဟန်​ထံမှ ဗတ္တိဇံ​ကို​မ​ခံယူ​ခဲ့​သဖြင့် မိမိ​တို့​အတွက် ဘုရားသခင်​ကြံစည်​ထား​တော်မူ​သော​အရာ​ကို ပစ်ပယ်​ကြ​၏။)


သား​တော်​ကို​ယုံကြည်​သော​သူ​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​မ​ခံရ။ မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​၏​တစ်ပါးတည်း​သော​သား​တော်​၏​နာမ​တော်​ကို မ​ယုံကြည်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​ပြီ​ဖြစ်​၏။


ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ရဲရင့်​စွာ​ဟောပြော​လျက် “ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​အား ဦးစွာ​ဟောပြော​ရန်​လိုအပ်​၏။ သို့သော် သင်​တို့​သည် ၎င်း​ကို​ငြင်းပယ်​၍ မိမိတို့ကိုယ်ကို ထာဝရ​အသက်​နှင့်​မ​ထိုက်တန်​ဟု စီရင်​ကြ​သောကြောင့် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့ လှည့်​သွား​ကြ​၏။


ငါ​တို့​ထံမှ လူ​အချို့​တို့​သည် ငါ​တို့​၏​ညွှန်ကြား​ချက်​မ​ရှိ​ဘဲ​ထွက်သွား​၍ အမျိုးမျိုး​သော​စကား​အားဖြင့် သင်​တို့​ကို​ပူပန်​စေ​ပြီး သင်​တို့​ကို စိတ်​အနှောင့်အယှက်​ဖြစ်​စေ​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​၏။


ထို့နောက် စာ​ကို ဤသို့​ရေး​ပို့​လိုက်​လေ​၏။


ပညတ်​တရား​ဆို​ထား​သမျှ​တို့​သည် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​များ​အတွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤသည်ကား နှုတ်​ရှိသမျှ​သည် ပိတ်​ထား​ခြင်း​ခံရ​၍ လောကီသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​ခြင်း​လက်အောက်​သို့ ကျရောက်​ကြ​ရန်​ဖြစ်​၏။


ဤ​အကြောင်းအရာ​များ​ကို သူ​တို့​အား သတိပေး​နှိုးဆော်​လော့။ မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ကြားနာ​သော​သူ​တို့​ကို ပျက်စီး​စေ​သည့် စကားလုံး​အသုံးအနှုန်း​အပေါ်​ငြင်းခုံ​ခြင်း​ကို​မ​ပြု​ကြ​ရန် ဘုရားသခင်​ရှေ့​တော်​၌ သူ​တို့​ကို အလေးအနက်​တိုက်တွန်း​လော့။


ထို​သူ​တို့​ကို နှုတ်ဆိတ်​စေ​ရ​မည်။ သူ​တို့​သည် မစင်ကြယ်​သော​အကျိုးစီးပွား​အတွက် မ​သွန်သင်​အပ်​သော​အရာ​များ​ကို​သွန်သင်​လျက် မိသားစု​များ​ကို အစု​လိုက်​ချွတ်ချော်​လွဲမှား​စေ​ကြ​၏။


အကြောင်းမူကား ငါ​တို့​သည် သမ္မာတရား​နှင့်ဆိုင်သည့် စစ်မှန်​သော​အသိပညာ​ကို​ရရှိ​ပြီးမှ တမင်တကာ ဆက်၍​အပြစ်​ပြု​ကြ​လျှင် အပြစ်​ဖြေ​ရာ​ယဇ်​ဟူ၍ မ​ရှိ​တော့​ဘဲ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ