ခါနန်ပြည်ရှိ လူမျိုးခုနစ်မျိုးကို ဖျက်ဆီးတော်မူပြီးမှ ထိုသူတို့၏ပြည်ကို အစ္စရေးလူမျိုးတို့အား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။
တမန်တော်ဝတ္ထု 7:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ဘိုးဘေးများသည် ထိုတဲတော်ကို ဆက်ခံကြ၏။ ထို့နောက် သူတို့ရှေ့တွင် ဘုရားသခင်နှင်ထုတ်သော လူမျိုးခြားတို့၏ပြည်အား ယောရှုနှင့်အတူ သိမ်းပိုက်ကြသောအခါ ထိုတဲတော်ကို ယူဆောင်သွားကြ၏။ ထိုတဲတော်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ရှိလေ၏။ Common Language Bible ငါတို့အဘများသည်မိမိတို့ဖခင်များ ထံမှ ထိုတဲတော်ကိုဆက်ခံကာ ဘုရားသခင် နှင်ထုတ်တော်မူသောလူမျိုးတို့၏ပြည်ကို ယောရှုနှင့်အတူချီတက်သိမ်းပိုက်ကြသော အခါ ထိုတဲတော်ကိုသယ်ဆောင်သွားကြ၏။ ထိုတဲတော်ကားဒါဝိဒ်မင်းလက်ထက်တိုင် အောင်ရှိသတည်း။- Garrad Bible ၎င်း တို့ ရှေ့ က ဘု ရား သ ခင် နှင် ထုတ် တော် မူ သော လူ မျိုး ခြား တို့ ကို ယော ရှု နှင့် တ ကွ တိုက် ယူ ကြ သည့် ကာ လ၊ ထို တဲ တော် ကို ဆောင် သွင်း၍ ဒါ ဝိဒ် မင်း လက် ထက် တိုင် ဆက် ခံ ရ ကြ ပြီး နောက်၊ Judson Bible နောက်ကျသော ငါတို့အဘများသည် ထိုတဲတော်ကို တစ်ပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့်အတူ ဆောင်သွင်းကြ၏။ ထိုတစ်ပါးအမျိုးသားတို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘများထံမှ နှင်ထုတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။ |
ခါနန်ပြည်ရှိ လူမျိုးခုနစ်မျိုးကို ဖျက်ဆီးတော်မူပြီးမှ ထိုသူတို့၏ပြည်ကို အစ္စရေးလူမျိုးတို့အား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။
အကယ်၍ ယောရှုသည် အစ္စရေးလူမျိုးတို့ကို နားခိုရာ ပေးပြီးသည်မှန်လျှင် ဘုရားသခင်သည် အခြားသော နေ့ရက်အကြောင်းကို မိန့်တော်မူမည် မဟုတ်။