ယခု နားထောင်လော့။ ထာဝရဘုရား၏လက်တော်သည် သင့်ကို ဒဏ်ခတ်၍ သင်သည် အချိန်တစ်ခုကြာသည်အထိ မျက်စိကွယ်လျက် နေကိုမမြင်ရဘဲနေလိမ့်မည်” ဟု ဆို၏။ ချက်ချင်းပင် သူသည် အမြင်မှုန်ဝါးလာ၍ မှောင်မိုက်သွားသဖြင့် လက်တွဲခေါ်မည့်သူကို ရှာလျက်နေ၏။
တမန်တော်ဝတ္ထု 5:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစကားကို ကြားသောအခါ အာနနိသည် လဲကျ၍ သေဆုံးလေ၏။ ဤအဖြစ်ပျက်ကို ကြားသောသူရှိသမျှတို့သည် အလွန်ထိတ်လန့်ကြ၏။ Common Language Bible ထိုစကားကိုကြားသည်နှင့်တစ်ပြိုင်နက် အာနနိသည်လဲကျသေဆုံးလေသည်။ ဤ အဖြစ်အပျက်အကြောင်းကိုကြားကြသူ အပေါင်းသည် လွန်စွာကြောက်လန့်ကြ၏။- Garrad Bible ထို စ ကား ကို ကြား သော် အာ န နိ လဲ သေ၍ လူ ငယ် တို့ ထ လျက် အ လောင်း ကို ထုပ် ရစ် ပြီး လျှင်၊ ထမ်း သွား သင်္ဂြိုဟ် ကြ၏။ ကြား သိ သူ ခပ် သိမ်း တို့ လည်း ကြီး စွာ သော ကြောက် ရွံ့ ခြင်း ဖြစ် ကြ သ တည်း။ Judson Bible ထိုစကားကိုကြားလျှင်၊ အာနနိသည် လဲ၍သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အာနနိသည် ထိုစကားတို့ကိုကြားလျှင် လဲ၍သေဆုံးလေ၏။ ထိုအခြင်းအရာကို ကြားရသောသူအားလုံးတို့သည် အလွန်ကြောက်ရွံ့သွားကြ၏။ |
ယခု နားထောင်လော့။ ထာဝရဘုရား၏လက်တော်သည် သင့်ကို ဒဏ်ခတ်၍ သင်သည် အချိန်တစ်ခုကြာသည်အထိ မျက်စိကွယ်လျက် နေကိုမမြင်ရဘဲနေလိမ့်မည်” ဟု ဆို၏။ ချက်ချင်းပင် သူသည် အမြင်မှုန်ဝါးလာ၍ မှောင်မိုက်သွားသဖြင့် လက်တွဲခေါ်မည့်သူကို ရှာလျက်နေ၏။
တမန်တော်တို့သည်လည်း အံ့ဖွယ်ဖြစ်ရပ်များနှင့် နိမိတ်လက္ခဏာများကို ပြကြသောကြောင့် လူအပေါင်းတို့သည် အလွန်ကြောက်ရွံ့ရိုသေကြ၏။
ကျန်လူများသည် သူတို့နှင့် မပေါင်းသင်းဝံ့ကြ။ သို့သော် လူတို့သည် သူတို့ကို ရိုသေကြ၏။
ကျွန်ုပ်သည် သင်တို့ထံ တုတ်နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် နူးညံ့သောစိတ်ဖြင့် လာရမည်လော။ မည်သည့်အရာကို သင်တို့ ရွေးချယ်လိုသနည်း။
ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
ဒုတိယအကြိမ် ကျွန်ုပ်သင်တို့နှင့်အတူ ရှိခဲ့စဉ်က ယခင် အပြစ်ကျူးလွန်သူများနှင့် အခြားသူအပေါင်းတို့အား နောက်တစ်ကြိမ် ရောက်လာလျှင် ညှာတာမည်မဟုတ်ဟု သတိပေးခဲ့သည့်အတိုင်း ယခုအဝေး၌ ရှိစဉ်တွင်လည်း ထပ်မံ၍ သတိပေးလိုက်၏။
ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သည့်အရာများ ဖြစ်ပေါ်စေသည်ကို ကြည့်လော့။ မှန်သောအရာကို လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကြလေပြီ။ အပြစ်ကင်းကြောင်း ချေပလိုကြလေပြီ။ မိမိတို့၏အပြစ်အတွက် ယူကျုံးမရဖြစ်ကြလေပြီ။ အလွန်ကြောက်ရွံ့ကြလေပြီ။ အလွန်တောင့်တကြလေပြီ။ အလွန်စိတ်အားထက်သန်ကြလေပြီ။ အပြစ်ရှိသူအား ပြစ်ဒဏ်ပေးရန် အသင့်ဖြစ်ကြလေပြီ။ ဤအမှု၌ သင်တို့သည် မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း အဘက်ဘက်မှ ပြသကြပြီဖြစ်၏။
ထိုအချိန်တွင် အလွန်ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုကျသွား၏။ ထိုငလျင်ဒဏ်ကြောင့် လူခုနစ်ထောင် သေဆုံး၍ အသက်ရှင်ကျန်ရစ်သူများသည် ထိတ်လန့်ကာ ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြ၏။
တစ်စုံတစ်ယောက်သည် သူတို့ကို အန္တရာယ်ပြုလိုလျှင် သူတို့၏ခံတွင်းမှ မီးထွက်လာ၍ ရန်သူကို လောင်ကျွမ်းစေလိမ့်မည်။ သူတို့ကို အန္တရာယ်ပြုလိုသောသူသည် ဤနည်းဖြင့် အသတ်ခံရမည်။