အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 28:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဤသို့​ဖြစ်​ပြီးနောက် ကျွန်း​ပေါ်ရှိ အခြား​ဖျားနာသော​သူတို့​သည်လည်း လာကြ၏။ ပေါလု​သည် ထို​သူတို့​ကို ကျန်းမာစေ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​ကျွန်း​ပေါ်​ရှိ​အ​ခြား​မ​ကျန်း​မာ သော​သူ​အ​ပေါင်း​တို့​သည်​ပေါ​လု​ထံ​သို့​လာ ကြ​၏။ ပေါ​လု​သည်​သူ​တို့​ကို​ကျန်း​မာ​စေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ကျွန်း တွင် သူ နာ ရှိ သ မျှ လည်း လာ ရောက်၍ ကျန်း မာ ခွင့် ရ ကြ သည် နှင့် အ ညီ။

အခန်းကိုကြည့်ပါ။

Judson Bible

ဤ​သို့​ပြု​သော​ကြောင့်၊ ထို​ကျွန်း၌ အ​နာ​ရော​ဂါ​စွဲ​သော အ​ခြား​သူ​ရှိ​သ​မျှ​တို့​သည် လာ၍ ချမ်း​သာ​ခြင်း​ကို ရ​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဤ​အရာ​ဖြစ်​ပြီးနောက် ကျွန်း​ပေါ်​ရှိ​နာမကျန်း​ဖြစ်​သော​အခြား​သူ​များ​လည်း ပေါလု​ထံ​လာ​ကြ​၍ ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 28:9
7 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။


ကျွန်း​တစ်ခုလုံး​ကို လှည့်လည်​၍ ပါဖုမြို့​တိုင် ရောက်ကြ​သောအခါ ဗာယေရှု​အမည်​ရှိသော ပရောဖက်​အတုအယောင်၊ ဂျူးလူမျိုး​မှော်ဆရာ​တစ်ဦး​ကို တွေ့ကြ၏။


ထို​သူတို့​သည် ကျွန်ုပ်တို့​အား လက်ဆောင်များ​ပေးကြ၏။ ထို့နောက် ကျွန်ုပ်တို့​ထွက်ခွာ​မည့် အချိန်​ရောက်​သောအခါ​၌လည်း သူတို့​သည် ကျွန်ုပ်တို့​လိုအပ်သည့်​ရိက္ခာများ​ကို သင်္ဘောပေါ်​သို့ တင်ပေးလိုက်ကြ၏။


ပုဗလိ​၏​ဖခင်​သည် ဖျားနာ​၍ ဝမ်းကိုက်​သဖြင့် အိပ်ရာ​၌​လဲလျောင်းနေ၏။ ပေါလု​သည် သူ့​ထံသို့​သွား​၍ ဆုတောင်းပေး​ပြီးမှ သူ့​အပေါ်​လက်​ကို​တင်​၍ ကျန်းမာစေ၏။


တမန်တော်တို့​သည် လူများ​ရှေ့​တွင် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြုကြ၏။ ထို့နောက် ယုံကြည်သူ​အပေါင်းတို့​သည် ရှောလမုန်​ဆင်ဝင်​၌ စုဝေးကြ၏။


လူတို့​သည် အနာရောဂါ​ရှိသော​သူများ​ကို လမ်း​နံဘေးသို့ သယ်ဆောင်လာ​၍ ခုတင်​နှင့် ဖျာ​ပေါ်တွင် ထားကြ၏။ ဤသည်​မှာ ပေတရု​ဖြတ်သွား​သောအခါ တချို့​လူနာများ​အပေါ်​သို့ သူ​၏​အရိပ်​ကျရောက်​စေရန် ဖြစ်၏။