တမန်တော်ဝတ္ထု 28:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူတို့သည် အချင်းချင်းသဘောထားကွဲလွဲကြ၏။ ထို့နောက် ထိုသူတို့ထွက်သွားကြမည်ပြုစဉ် ပေါလုက “ပရောဖက်ဟေရှာယအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင်တို့ဘိုးဘေးတို့အား မှန်ကန်စွာမိန့်တော်မူသည်မှာ Common Language Bible ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။ ပေါလုက ``ပရောဖက်ဟေရှာယ အားဖြင့် သင်တို့ဘိုးဘေးတို့အားသန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြပုံမှာလျောက်ပတ်လှပေ၏။ ဖော်ပြပုံမှာဤသို့တည်း။ Garrad Bible ထို သို့ အ ချင်း ချင်း သ ဘော မ တူ ကြ သော ကြောင့် ပေါ လု က သင် တို့ ကြား လျက် ပင် နား မ လည် ရ။ ကြည့် လျက် ပင် မ သိ မ မြင် ရ ဟု ထို လူ မျိုး အား သွား ရောက် ဆင့် ဆို လော့။ ထို လူ မျိုး သည် မျက် စိ နှင့် မြင် ခွင့်၊ နား နှင့် ကြား ခွင့်၊ စိတ် နှ လုံး နှင့် နား လည် ခွင့် ရ လျက်၊ ငါ့ ထံ မှ ချမ်း သာ ရ ရန် ပြန် လာ ခွင့် မ ရှိ စေ ခြင်း ငှါ၊ စိတ် နှ လုံး ထိုင်း မှိုင်း စေ၍ နား ကို လေး စေ သည့် ပြင်၊ မျက် စိ ကို လည်း ဖုံး အုပ် ကြ လေ ပြီ ဟု ပ ရော ဖက် ဟေ ရှာ ယ ဖြင့် သင် တို့ ဘိုး ဘေး များ အား သန့် ရှင်း သော ဝိ ညာဉ် တော် ပေး သော ဗျာ ဒိတ် တော် သင့် လျော် စွ တ ကား။ သို့ နှင့် အ ညီ၊ ဘု ရား သ ခင်၏ ကယ် တင် တော် မူ ခြင်း ဤ အ ကြောင်း ကို လူ မျိုး ခြား တို့ ထံ ပို့ တော် မူ လို သ ဖြင့်၊ သူ တို့ နာ ယူ ကြ လိမ့် မည် ကို သိ မှတ် ကြ လော့ ဟူ သော သြ ဝါ ဒ တစ် ချက် ဆို ပြီး မှ ထို သူ တို့ ထွက် သွား ကြ၏။ Judson Bible ထိုသို့ အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတစ်ခွန်းကို ပြောလိုက်သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အချင်းချင်းကြား၌ သဘောထားကွဲလွဲသဖြင့် ပြန်သွားကြစဉ်တွင် ပေါလုက “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့် သင်တို့ဘိုးဘေးတို့အား လျောက်ပတ်စွာဟောပြောခဲ့သည်ကား |
ယေရှုက “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့အကြောင်းကို ဟေရှာယ ကြိုတင်ဟောသည်မှာ မှန်လှ၏။ ‘ဤသူတို့သည် ငါ့ကို နှုတ်ဖြင့် ရိုသေကြ၏။ သို့သော် သူတို့၏ စိတ်နှလုံးမှာမူ ငါနှင့် ဝေးကွာလှ၏။
တချို့သည် ပေါလု၏ဟောပြောချက်များကို လက်ခံယုံကြည်၍ တချို့မှာမယုံကြည်ဘဲ နေကြ၏။
‘သင်တို့သည် ငါပြောသည့်စကားကို နားထောင်လျက်နှင့်ပင် နားမလည်ကြ။ ငါလုပ်ဆောင်သည့်အရာကို ကြည့်လျက်နှင့်ပင် သဘောမပေါက်နိုင်ကြဟု ဤလူမျိုးတို့ထံသို့ သွား၍ပြောကြားလော့။
ဤစကားများကို ပေါလုပြောသောအခါ ဂျူးတို့သည် အချင်းချင်းပြင်းထန်စွာ ငြင်းခုံလျက် ထွက်သွားကြ၏။
ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်က ဖိလိပ္ပုအား “ထိုမြင်းရထားအနား ချဉ်းကပ်၍လိုက်လော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည်မှာ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကို ကြားလျှင်
အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။