အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 27:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

မိုးလင်းလုနီး​သောအခါ ပေါလု​က ထို​သူတို့​အားလုံး​ကို အစာ​စား​ရန် တိုက်တွန်း​လျက် “သင်တို့​သည် မည်သည့်​အစာ​ကို​မျှ​မစားဘဲ စိုးရိမ်ကြီး​စွာ ဆက်တိုက်​စောင့်ကြည့်လာသည်​မှာ ယနေ့​ဆယ့်​လေးရက်​ရှိပြီ။

အခန်းကိုကြည့်ပါ။

Common Language Bible

မိုး​လင်း​ခါ​နီး​၌​ပေါ​လု​သည်​ထို​သူ​အ​ပေါင်း တို့​အား အ​စာ​စား​ရန်​တိုက်​တွန်း​လို​၍ ``သင် တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စောင့်​မျှော်​ကာ အ​ငတ်​ခံ​လျက်​နေ​ခဲ့​ကြ​သည်​မှာ​တစ်​ဆယ့် လေး​ရက်​ရှိ​ပေ​ပြီ။ သင်​တို့​သည်​မည်​သည့် အ​စား​အ​စာ​ကို​မျှ​မ​စား​ခဲ့​ကြ။-

အခန်းကိုကြည့်ပါ။

Garrad Bible

မိုး မ လင်း မီ စား သောက် ကြ စေ ရန် ရှိ သ မျှ တို့ ကို တိုက် တွန်း လျက် ပေါ လု က သင် တို့ သည် အ စာ မ စား ဘဲ စောင့် ရှောက် ကြ သည် မှာ ယ ခု ဆယ့် လေး ရက် ရှိ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

မိုး​လင်း​လု​သော​အ​ခါ အ​စာ​ကို​စား​စေ​ခြင်း​ငှာ ပေါ​လု​သည် လူ​အ​ပေါင်း​တို့​ကို​တိုက်​တွန်း​လျက်၊ သင်​တို့​သည် တစ်​ဆယ်​လေး​ရက်​ပတ်​လုံး မျှော်​လင့်၍ ယ​နေ့​တိုင်​အောင် အ​စာ​မ​စား​ဘဲ ငတ်​မွတ်​လျက်​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မိုးလင်း​လုနီး​သောအခါ ပေါလု​သည် အားလုံး​တို့​အား အစာ​စား​ကြ​ရန် တိုက်တွန်း​လျက် “သင်​တို့​သည် အစာ​မ​စား​ဘဲ ဆက်တိုက်​အခြေအနေ​ကို​စောင့်ကြည့်​ကာ မည်သည့်​အရာ​ကို​မျှ​မ​စား​ခဲ့​သည်​မှာ ယနေ့ တစ်ဆယ့်လေး​ရက်​ရှိ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 27:33
6 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​သည် တပည့်တော်တို့​ကို ခေါ်​၍ “ဤ​လူတို့​ကို ငါ​သနား၏။ သူတို့​သည် သုံးရက်​တိုင်တိုင် ငါ​နှင့်အတူ ရှိကြပြီ။ သူတို့​ထံ၌ မည်သည့်​စားစရာ​မျှ မရှိ။ လမ်း​တွင် အားပြတ်မည်​ကို​စိုးရိမ်ရ​သောကြောင့် သူတို့​ကို စားစရာ​မကျွေးဘဲ မပြန်စေလိုပါ” ဟု မိန့်တော်မူ၏။


ကျွန်ုပ်တို့​သည် အချိန်​ကြာမြင့်​စွာ အစာ​မစားဘဲ​နေကြ​ပြီးနောက် ပေါလု​က သူ​တို့​အလယ်​တွင် ရပ်​လျက် “မိတ်ဆွေတို့… သင်တို့​သည် ကျွန်ုပ်​၏​အကြံပြုချက်​ကို​လက်ခံ​၍ ကရေတေကျွန်း​မှ​ရွက်မလွှင့်​လျှင် ဤ​ပျက်စီးဆုံးရှုံးမှု​နှင့် ကြုံရမည်​မဟုတ်ပါ။


ထိုအခါ စစ်သားများ​က လှေကြိုး​ကို​ဖြတ်​၍ အသက်ကယ်လှေ​ကို မျှောချလိုက်ကြ၏။


ထို့ကြောင့် အစာ​စား​ရန် သင်တို့​အား ကျွန်ုပ်​တိုက်တွန်းပါ၏။ စား​လျှင် ခွန်အားပြည့်​၍ သင်တို့​အသက်ရှင်နိုင်မည်။ သင်တို့​၏​ဦးခေါင်း​မှ ဆံခြည်​တစ်မျှင်​မျှ ဆုံးရှုံးရမည်​မဟုတ်ပါ” ဟု ဆိုလေ၏။


အစာ​စား​သဖြင့် ခွန်အား​ပြန်လည် ပြည့်လေ၏။ ရှောလု​သည် ဒမတ်စကပ်မြို့​မှ တပည့်တော်များ​နှင့် ရက်​အနည်းငယ် နေထိုင်လေ၏။