နှစ်နှစ်ကြာသော် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်းနေရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးတို့အား ကျေးဇူးပြုလိုသဖြင့် ပေါလုကို အကျဉ်းချထားရစ်လေ၏။
တမန်တော်ဝတ္ထု 26:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဂြိပ္ပမင်းကြီးကလည်း ဖေတ္တုမင်းအား “ဤသူသည်ဆီဇာဘုရင်ထံ အယူခံဝင်ခြင်းမပြုခဲ့ပါလျှင် လွှတ်ပေးနိုင်သည်” ဟု ဆိုလေ၏။ Common Language Bible အဂြိပ္ပမင်းက ``အကယ်၍ဤသူသည်ကဲသာ ဘုရင်ထံသို့အယူခံဝင်ရန်မလျှောက်ထား ခဲ့ပါမူသူ့ကိုလွှတ်ပစ်နိုင်၏'' ဟုဖေတ္တု အားပြော၏။ Garrad Bible ဖေ တ္ထု မင်း အား ကဲ သာ မင်း ထံ အ ယူ တော် ခံ မည် မ ဟုတ် ခဲ့ လျှင် လွှတ် သင့် ပြီ ဟု အ ဂ ရိ ပ္ပ မင်း ဆို လေ၏။ Judson Bible အဂြိပ္ပမင်းကလည်း၊ ဤသူသည် ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟုမဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတ္တုမင်းအားဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အဂြိပ္ပမင်းကြီးကလည်း ဖေတ္တုမင်းအား “ဤသူသည် ဆီဇာဧကရာဇ်ထံ အယူခံမဝင်ခဲ့လျှင် သူ့ကိုလွှတ်ပေးနိုင်သည်”ဟု ဆိုလေ၏။ |
နှစ်နှစ်ကြာသော် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်းနေရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးတို့အား ကျေးဇူးပြုလိုသဖြင့် ပေါလုကို အကျဉ်းချထားရစ်လေ၏။
သို့သော်လည်း သူသည် သေဒဏ်ထိုက်သောပြစ်မှု တစ်စုံတစ်ခုမျှ မကျူးလွန်ခဲ့သည်ကို ကျွန်ုပ်သိရပါ၏။ သူကိုယ်တိုင် ဆီဇာဘုရင်ထံ အယူခံဝင်ရန်တောင်းဆိုသဖြင့် သူ့ကို ရောမမြို့သို့ ပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ထားပါ၏။
ရောမအစိုးရတို့သည် ကျွန်ုပ်ကိုစစ်ဆေးကြသောအခါ သေဒဏ်ခံထိုက်သောပြစ်မှုမတွေ့သောကြောင့် ကျွန်ုပ်အားပြန်လွှတ်လိုကြ၏။
သို့ရာတွင် ဂျူးလူမျိုးများက ကန့်ကွက်ကြသောအခါ ကျွန်ုပ်သည်ဆီဇာဘုရင်ထံ မလွဲသာ၍ အယူခံဝင်ရ၏။ ထိုသို့အယူခံဝင်ရခြင်းမှာ ကျွန်ုပ်၏လူမျိုးကို စွပ်စွဲရန် အကြောင်းတစ်စုံတစ်ရာရှိ၍ မဟုတ်ပါ။
သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။