ထိုအခါ ဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် လူမျိုးခြားများအထဲတွင် ဘုရားသခင်ပြုတော်မူသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များအကြောင်းကို ထိုသူတို့အားပြောပြရာ စုဝေးသောလူအပေါင်းတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ကြ၏။
တမန်တော်ဝတ္ထု 21:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ မည်သို့ဆောင်ရွက်ရပါမည်နည်း။ သင်ရောက်လာကြောင်းကို သူတို့သည် အမှန်ကြားသိကြမည်ဖြစ်၏။ Common Language Bible သို့ဖြစ်၍ငါတို့အဘယ်သို့ပြုကြရပါမည် နည်း။ သင်ရောက်ရှိသည့်သတင်းကိုသူတို့ ကြားကြမည်မှာသေချာပါ၏။- Garrad Bible ထို ကြောင့် မည် သို့ ပြု ရ အံ့ နည်း။ ညီ မောင် ရောက် လာ ကြောင်း ကို မု ချ ကြား သိ ကြ လိမ့် မည်။ Judson Bible သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်းတို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မည်သို့ပြုကြမည်နည်း။ သင်ရောက်ရှိနေကြောင်း သူတို့ကြားကြမည်သေချာ၏။ |
ထိုအခါ ဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် လူမျိုးခြားများအထဲတွင် ဘုရားသခင်ပြုတော်မူသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များအကြောင်းကို ထိုသူတို့အားပြောပြရာ စုဝေးသောလူအပေါင်းတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ကြ၏။
ထို့နောက် တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူများကိုရွေးချယ်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုသူတို့မှာ ယုံကြည်သူများထဲမှ ခေါင်းဆောင်ဖြစ်သောဗာရှဗခေါ် ယုဒနှင့် သိလတို့ဖြစ်ကြ၏။
ထိုအချိန်၌ လူအစုအဝေးတို့သည် ရှုပ်ထွေးကြကုန်၍ တစ်ယောက်တစ်မျိုး ဟစ်အော်လျက်နေကြ၏။ လူအများစုသည် မည်သည့်အကြောင်းကြောင့် မိမိတို့အတူတကွစုဝေးနေသည်ကိုပင် မသိကြ။
သင်သည် လူမျိုးခြားတို့အထဲတွင် နေထိုင်ကြသောဂျူးလူမျိုးအပေါင်းတို့အား မောရှေ၏ပညတ်တရားကို စွန့်လွှတ်၍ ကလေးငယ်များကို အရေပြားလှီးခြင်းမပြုပေးရန်နှင့် ဓလေ့ထုံးတမ်းစဉ်လာအတိုင်း မလိုက်နာရန် သွန်သင်နေသည့်အကြောင်းကို သူတို့ကြားသိထားကြ၏။
ထို့ကြောင့် ကျွန်ုပ်တို့ ပြောသည့်အတိုင်း ပြုလော့။ ကျွန်ုပ်တို့တွင် သစ္စာကတိပြုထားသောလူလေးယောက် ရှိ၏။
ထိုသို့ဆိုလျှင် မည်သို့ပြုရမည်နည်း။ ကျွန်ုပ်သည် စိတ်ဝိညာဉ်နှင့် ဆုတောင်းမည်။ အသိဉာဏ်နှင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်နှင့် သီချင်းဆိုမည်။ အသိဉာဏ်နှင့်လည်း သီချင်းဆိုမည်။