ထို့နောက် ယေရှုသည် တပည့်တော်များရှိသည့်နေရာမှ ခဲတစ်ပစ်စာခန့် ခွာသွား၍ ဒူးထောက်လျက်
တမန်တော်ဝတ္ထု 20:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာများကို ဟောပြောပြီးသောအခါ ပေါလုသည် ဒူးထောက်လျက် သူတို့အားလုံးနှင့်အတူ ဆုတောင်းလေ၏။ Common Language Bible ထိုနောက်ပေါလုသည်ဒူးထောက်၍ထိုသူတို့ နှင့်အတူဆုတောင်းလေသည်။- Garrad Bible ဒူး ထောက်၍ ထို သူ ရှိ သ မျှ တို့ နှင့် အ တူ ပ ဌ နာ ပြု လေ၏။ Judson Bible ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်းတို့နှင့်တကွ ဆုတောင်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေါလုသည် ဤသို့ဆိုပြီးနောက် ဒူးထောက်လျက် ထိုသူအပေါင်းတို့နှင့်အတူ ဆုတောင်းလေ၏။ |
ထို့နောက် ယေရှုသည် တပည့်တော်များရှိသည့်နေရာမှ ခဲတစ်ပစ်စာခန့် ခွာသွား၍ ဒူးထောက်လျက်
ဤအရာအားလုံးတို့တွင် အလုပ်ကို ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် ဆင်းရဲသားများအား မစထောက်ပံ့ရမည်ကို ကျွန်ုပ်ပြသခဲ့၏။ ထို့ကြောင့် သခင်ယေရှုကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်းသည် ရယူခြင်းထက် ပို၍မင်္ဂလာရှိ၏’ ဟူသော စကားတော်ကို သတိရကြလော့” ဟု ဆိုလေ၏။
ခုနစ်ရက်ပြည့်သောအခါ ကျွန်ုပ်တို့သည် ခရီးဆက်ကြ၏။ တပည့်တော်အားလုံးတို့သည် ဇနီး၊ သားသမီးများနှင့်အတူ ကျွန်ုပ်တို့ကို မြို့ပြင်ထိလိုက်ပို့ကြ၏။ ကမ်းခြေသို့ရောက်သောအခါ ကျွန်ုပ်တို့သည် ဒူးထောက်၍ ဆုတောင်းကြ၏။
ထို့နောက် ဒူးထောက်လျက် ကျယ်သောအသံဖြင့် “သခင်ဘုရား… ဤသူတို့ ပြုသောအပြစ်များကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်၍ အသက်ဆုံးလေ၏။
ပေတရုသည် ထိုသူအားလုံးတို့ကို အပြင်သို့ထွက်စေပြီး ဒူးထောက်လျက် ဆုတောင်းလေ၏။ အလောင်းရှိရာသို့ လှည့်၍ “တဗိသ… ထလော့” ဟု ဆို၏။ တဗိသသည်လည်း မျက်စိကိုဖွင့်ရာ ပေတရုကိုတွေ့မြင်သဖြင့် ထထိုင်လေ၏။
ဤအကြောင်းကြောင့် ကျွန်ုပ်သည် ကောင်းကင်ဘုံသားနှင့် လောကီဘုံသားတို့၏ အမျိုးအနွယ်ကို ဖန်ဆင်းတော်မူသော အဖဘုရားသခင်ထံ ဒူးထောက်လျက်
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။