အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။
တမန်တော်ဝတ္ထု 15:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့ပြောဆိုကြပြီးနောက် ယာကုပ်က “ညီအစ်ကိုတို့… ကျွန်ုပ်စကားကို နားထောင်ကြလော့။ Common Language Bible သူတို့ပြောဆိုပြီးသောအခါယာကုပ်က ``ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင် ကြပါ။- Garrad Bible အ ဆုံး ၌ ယာ ကုပ် က ညီ အစ် ကို တို့၊ ငါ့ စ ကား ကို ကြား နာ ကြ ကုန်၊ Judson Bible ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သူတို့ပြောဆိုပြီးသောအခါ ယာကုပ်က “ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြပါ။ |
အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။
ပေတရုကလည်း တိတ်ဆိတ်စွာနေရန် လက်ရိပ်ပြ၍ ဘုရားသခင်သည် သူ့ကို ထောင်မှ မည်သို့ခေါ်ထုတ်လာကြောင်း ထိုသူတို့အား ပြောပြလေ၏။ ထို့နောက် သူက “ဤအရာများကို ယာကုပ်နှင့် အခြားညီအစ်ကိုမောင်နှမတို့အား ပြန်ပြောကြလော့” ဟု ဆိုပြီးလျှင် အခြားနေရာသို့ ထွက်ခွာသွားလေ၏။
ဘုရားသခင်သည် မိမိအမည်နာမတော်အတွက် လူမျိုးခြားများထဲမှ လူများကို ရွေးချယ်ရန် ထိုသူတို့ထံ ဦးစွာ အကြည့်အရှုကြွတော်မူကြောင်း ပေတရုဟောပြောခဲ့၏။
ထို့နောက် ပေတရုသည် တမန်တော်ဆယ့်တစ်ပါးတို့နှင့်အတူ ရပ်လျက် လူထုပရိသတ်တို့အား ဟစ်အော်၍ ဟောပြောသည်မှာ “အို ယုဒပြည်သားများနှင့် ဂျေရုဆလင်မြို့သားတို့… ငါ့စကားကို သေချာစွာ နားထောင်ကြလော့။ ဤအရာများကို သင်တို့အား ရှင်းပြပါရစေ။
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့အား ကျွန်ုပ်တို့ဘိုးဘေးဒါဝိဒ်မင်း၏အကြောင်းကို သေချာစွာပြောပါရစေ။ သူသည် သေလွန်၍ သင်္ဂြိုဟ်ခံရသဖြင့် သူ၏သင်္ချိုင်းဂူသည် ယနေ့တွင် ငါတို့နှင့်အတူ ရှိသေး၏။
နောက်တစ်နေ့တွင် ပေါလုသည် ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံ သွားရောက်တွေ့ဆုံ၏။ အသင်းတော်အကြီးအကဲအားလုံးတို့လည်း ရှိနေကြ၏။
ပေါလုက “ညီအစ်ကိုတို့နှင့် ဖခင်တို့… ယခု သင်တို့ရှေ့တွင်ပြောဆိုမည့် ကျွန်ုပ်၏ချေပချက်ကို နားထောင်ကြပါ” ဟု အစချီသော်
သတေဖန်က “ညီအစ်ကိုတို့နှင့် ဖခင်တို့… နားထောင်ကြလော့။ ကျွန်ုပ်တို့၏အဖ အာဗြဟံသည် ခါရန်မြို့တွင် မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးသောဘုရားသခင်သည် သူ့ထံ ပေါ်လာတော်မူ၍
သို့သော် သူနှင့် သခင်ဘုရား၏ ညီတော် ယာကုပ်မှလွဲ၍ အခြားမည်သည့် တမန်တော်ကိုမျှ ကျွန်ုပ်မတွေ့ခဲ့။
သူသည် ယာကုပ်စေလွှတ်လိုက်သောသူများ ရောက်မလာမီ လူမျိုးခြားတို့နှင့်အတူ စားသောက်လေ့ရှိ၏။ သို့သော် ထိုသူတို့ ရောက်လာသောအခါ လူမျိုးခြားတို့နှင့် မစားသောက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူရန် လိုအပ်ကြောင်း အခိုင်အမာပြောဆိုသောသူတို့၏ ဝေဖန်မှုကို ကြောက်သောကြောင့်ဖြစ်၏။
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။
ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့၏ကျွန် ကျွန်ုပ်ယာကုပ် စာရေးလိုက်၏။ ဤစာသည် အနယ်နယ်အရပ်ရပ်တို့တွင် ကွဲလွင့်ပျံ့နှံ့နေသည့်ဂျူးလူမျိုးဆယ့်နှစ်မျိုးထံသို့ ပို့လိုက်သောစာဖြစ်၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ဤအချက်ကို မှတ်သားကြလော့။ လူတိုင်းသည် ကြားနာရာတွင် လျင်မြန်၍ ပြောဆိုရာနှင့် ဒေါသထွက်ရာတွင် နှေးကွေးသင့်၏။