တမန်တော်ဝတ္ထု 2:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထို့နောက် ပေတရုသည် တမန်တော်ဆယ့်တစ်ပါးတို့နှင့်အတူ ရပ်လျက် လူထုပရိသတ်တို့အား ဟစ်အော်၍ ဟောပြောသည်မှာ “အို ယုဒပြည်သားများနှင့် ဂျေရုဆလင်မြို့သားတို့… ငါ့စကားကို သေချာစွာ နားထောင်ကြလော့။ ဤအရာများကို သင်တို့အား ရှင်းပြပါရစေ။ အခန်းကိုကြည့်ပါ။Common Language Bible14 ပေတရုသည်တစ်ကျိပ်တစ်ပါးတို့နှင့်အတူ ရပ်လျက်အသံကျယ်စွာဖြင့် ``ယုဒအမျိုးသား များနှင့်ယေရုရှလင်မြို့သားအပေါင်းတို့ငါ့ စကားကိုနားထောင်ကြလော့။ ဤအမှုအရာ အကြောင်းကိုငါရှင်းပြမည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ထို အ ခါ ပေ တ ရု သည် တစ် ဆယ့် တစ် ပါး တို့ နှင့် ရပ် လျက် အ သံ ကျယ် စွာ ဟော ပြော သည် မှာ အ ချင်း ယု ဒ ပြည် သား ယေ ရု ရှ လင် မြို့ သူ တို့၊ ငါ့ စ ကား ကို နာ ခံ၍ ဤ အ ကြောင်း ကို သိ မှတ် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုအခါ တစ်ကျိပ်တစ်ပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့် ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။
“အစ္စရေးလူမျိုးတို့… ကူညီကြလော့။ ဤသူသည် ကျွန်ုပ်တို့၏လူမျိုးကိုလည်းကောင်း၊ ပညတ်တရားနှင့် ဤဗိမာန်ကိုလည်းကောင်း ဆန့်ကျင်လျက် နေရာတိုင်း၌ရှိသော လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းသောနေရာကို ညစ်ညမ်းစေပါပြီ” ဟု အော်ဟစ်ပြောဆိုကြ၏။