အဘယ်ကြောင့်ဆိုသော် အစာသည် စိတ်နှလုံးထဲသို့ မဝင်။ ဝမ်းထဲသို့ဝင်ပြီးမှ ရေအိမ်သို့စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်းအားဖြင့် အစားအစာဟူသမျှသည် သန့်ရှင်းကြောင်းကို ဖော်ပြတော်မူ၏။
တမန်တော်ဝတ္ထု 11:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း တစ်ဖန် ကောင်းကင်မှ အသံတော်က ‘ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညမ်းသည်ဟု မဆိုနှင့်’ ဟူ၍ ဆိုလေ၏။ Common Language Bible ထိုနောက်ကောင်းကင်အသံတော်က`ဘုရားသခင် သန့်စင်သည်ဟုဆိုသည့်အရာကို သင်သည်ညစ် ညမ်းသည်ဟုမဆိုရ' ဟူ၍မိန့်တော်မူ၏။- Garrad Bible ဘု ရား သ ခင် စင် ကြယ် စေ ပြီး သော အ ရာ ကို မ သန့် ဟု မ မှတ် နှင့် ဟူ၍ ဒု တိ ယ အ ကြိမ် ကောင်း ကင် ထဲ မှ ဗျာ ဒိတ် တော် သံ ရောက် လာ ပြန်၏။ Judson Bible နောက်တစ်ဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲက လာပြန်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဒုတိယအကြိမ်ကောင်းကင်မှ အသံထွက်ပေါ်လာ၍‘ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်’ဟု ဆိုလေ၏။ |
အဘယ်ကြောင့်ဆိုသော် အစာသည် စိတ်နှလုံးထဲသို့ မဝင်။ ဝမ်းထဲသို့ဝင်ပြီးမှ ရေအိမ်သို့စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်းအားဖြင့် အစားအစာဟူသမျှသည် သန့်ရှင်းကြောင်းကို ဖော်ပြတော်မူ၏။
တစ်ဖန် အသံတော်က “ဘုရားသခင် စင်ကြယ်စေသည့်အရာကို ညစ်ညမ်းသည်ဟု မဆိုနှင့်” ဟူ၍ ဆိုလေ၏။
ပေတရုက “ဂျူးလူမျိုးတစ်ဦးသည် လူမျိုးခြားများထံ သွားရောက်လည်ပတ်ခြင်း သို့မဟုတ် သူတို့နှင့် ပြောဆိုဆက်ဆံခြင်း မပြုသင့်ကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညမ်းသောသူ မစင်ကြယ်သောသူဟု မခေါ်သင့်ကြောင်း ကျွန်ုပ်အားဘုရားသခင်ဖော်ပြထားခဲ့ပြီ။
သို့သော် ကျွန်ုပ်က ‘မဖြစ်နိုင်ပါ သခင်ဘုရား… အကျွန်ုပ်သည် ညစ်ညမ်းသောအရာနှင့် မစင်ကြယ်သောအရာကို မည်သည့်အခါမျှ မစားဖူးပါ’ ဟု လျှောက်၏။
ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့၏စိတ်နှလုံးကို သန့်စင်ပေးကာ ထိုသူတို့နှင့် ကျွန်ုပ်တို့အကြား ခွဲခြားတော်မူခြင်းမရှိ။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဆုတောင်းခြင်းတို့သည် အစားအစာကို သန့်ရှင်းစင်ကြယ်စေသောကြောင့် ဖြစ်၏။