Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 11:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထိုအခါ ဒုတိယ​အကြိမ်​ကောင်းကင်​မှ အသံ​ထွက်ပေါ်​လာ​၍‘ဘုရားသခင်​စင်ကြယ်​စေ​သည့်​အရာ​ကို ညစ်ညူး​သည်​ဟု သင်​မ​ဆို​နှင့်’​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို​နောက်​ကောင်း​ကင်​အ​သံ​တော်​က`ဘု​ရား​သ​ခင် သန့်​စင်​သည်​ဟု​ဆို​သည့်​အ​ရာ​ကို သင်​သည်​ညစ် ညမ်း​သည်​ဟု​မ​ဆို​ရ' ဟူ​၍​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဘု ရား သ ခင် စင် ကြယ် စေ ပြီး သော အ ရာ ကို မ သန့် ဟု မ မှတ် နှင့် ဟူ၍ ဒု တိ ယ အ ကြိမ် ကောင်း ကင် ထဲ မှ ဗျာ ဒိတ် တော် သံ ရောက် လာ ပြန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော် မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု ကောင်း​ကင်​ထဲ​က လာ​ပြန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 သို့သော်လည်း တစ်ဖန် ကောင်းကင်​မှ အသံတော်​က ‘ဘုရားသခင်​စင်ကြယ်စေသည့်​အရာ​ကို ညစ်ညမ်းသည်​ဟု မဆိုနှင့်’ ဟူ၍ ဆိုလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 11:9
9 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ထို​အရာ​သည် လူ​၏​စိတ်နှလုံး​ထဲသို့ ဝင်​သည်​မ​ဟုတ်။ ဝမ်း​ထဲသို့​ဝင်​ပြီးလျှင် ရေအိမ်​ထဲသို့​ရောက်သွား​၏”​ဟု မိန့်​တော်မူ​လျက် အစာ​အားလုံး​စင်ကြယ်​ကြောင်း​ဖော်ပြ​တော်မူ​၏။


ထိုအခါ ဒုတိယ​အကြိမ် အသံ​ထပ်မံ​ထွက်ပေါ်​လာ​၍“ဘုရားသခင်​စင်ကြယ်​စေ​သည့်​အရာ​ကို ညစ်ညူး​သည်​ဟု သင်​မ​ဆို​နှင့်”​ဟု ဆို​လေ​၏။


ထိုအခါ ပေတရု​က “ဂျူး​လူမျိုး​တို့​အတွက် လူမျိုးခြား​ထံ အလည်အပတ်​သွား​ခြင်း​၊ သို့မဟုတ် သူ​တို့​နှင့်​ပေါင်းဖော်​ခြင်း​သည် တရား​တော်​နှင့်​မ​ညီ​ကြောင်း သင်​တို့​သိ​ကြ​၏။ သို့သော် မည်သူ့​ကို​မျှ ညစ်ညူး​သော​သူ​၊ သို့မဟုတ် မစင်ကြယ်​သော​သူ​ဟူ၍ မ​ခေါ်​ရ​မည့်​အကြောင်း ဘုရားသခင်​သည် ငါ့​အား ပြသ​တော်မူ​ပြီ။


ဤသို့ သုံး​ကြိမ်​တိုင်တိုင်​ဖြစ်​ပြီးနောက် ထို​အရာ​အားလုံး​သည် ကောင်းကင်​သို့ ပြန်လည်​ရုပ်သိမ်း​ခြင်း​ခံရ​၏။


သို့သော် ငါ​က ‘မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား မစင်ကြယ်​သော​အရာ​၊ သို့မဟုတ် ညစ်ညူး​သော​အရာ​သည် အကျွန်ုပ်​ခံတွင်း​ထဲသို့ မ​ဝင်​ဖူး​ပါ’​ဟု လျှောက်​၏။


ဘုရားသခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံးဝ​ခွဲခြား​တော်​မ​မူ​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို စင်ကြယ်​စေ​တော်မူ​၏။


အကြောင်းမူကား ထို​အရာ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ ဆုတောင်း​ခြင်း​အားဖြင့်​လည်းကောင်း သန့်ရှင်း​စေ​ခြင်း​ကို​ခံရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ