ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
တမန်တော်ဝတ္ထု 11:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးခြားများသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြောင်း ယုဒပြည်တစ်ဝန်းရှိ တမန်တော်များနှင့် ယုံကြည်သူများကြားသိကြ၏။ Common Language Bible လူမျိုးခြားများသည်လည်းဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုခံယူကြကြောင်း ယုဒပြည်ရှိတမန်တော်များနှင့်ညီအစ်ကို များကြားသိကြ၏။- Garrad Bible ထို အ ခါ လူ မျိုး ခြား တို့ လည်း ဘု ရား သ ခင့် တ ရား တော် ကို ခံ ယူ ကြောင်း ယု ဒ နယ် နေ တ မန် တော် တို့ နှင့် ညီ အစ် ကို တို့ ကြား ကြ သည့် အ တိုင်း၊ Judson Bible တစ်ပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ရှိသော တမန်တော်တို့နှင့် ညီအစ်ကိုများတို့သည် ကြားသိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြကြောင်း တမန်တော်တို့နှင့် ယုဒပြည်တစ်လျှောက်တွင်ရှိသောညီအစ်ကိုတို့သည် ကြားသိကြ၏။ |
ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
သင်တို့အား ငါပြောဆိုသည်မှာ လူမျိုးခြားများစွာတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်မှ လာ၍ ကောင်းကင်နိုင်ငံတော်၏ စားသောက်ပွဲ၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်အတူ စားသောက်ကြလိမ့်မည်။
ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ ဝင်ကြရာ ဝတ်ရုံဖြူကို ဝတ်ထားသောလူငယ်တစ်ဦးသည် လက်ယာဘက်၌ ထိုင်နေသည်ကို တွေ့မြင်သဖြင့် ထိတ်လန့်ကြ၏။
ထိုကယ်တင်ရှင်သည် လူမျိုးခြားတို့အား ကိုယ်တော့်အကြောင်းကို ဖော်ပြပေးမည့်အလင်းနှင့် ကိုယ်တော်၏လူမျိုးတော်ဖြစ်သော အစ္စရေးလူမျိုးတို့၏ ဘုန်းအသရေအတွက် အလင်းဖြစ်တော်မူ၏” ဟု ဆိုလေ၏။
တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။
အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းသားများကို စုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသောအရာအားလုံးကိုလည်းကောင်း၊ လူမျိုးခြားတို့ ယုံကြည်လာစေရန် ဘုရားသခင်လမ်းဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောပြကြ၏။
ထို့နောက် အသင်းသားများသည် ထိုသူတို့ကို မြို့ပြင်ထိ လိုက်ပို့ကြ၏။ ပေါလုနှင့် ဗာနဗတို့သည် ဖိုနီးရှားပြည်နှင့် ရှမာရိပြည်ကို ဖြတ်သွားစဉ် လူမျိုးခြားများ၏ပြောင်းလဲခြင်းအကြောင်းကို ပြန်ပြောပြကြသဖြင့် ယုံကြည်သူများသည်လည်း အလွန်ဝမ်းမြောက်ကြ၏။
ရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ်တို့ရောက်လာမည့်အကြောင်းကိုကြားသဖြင့် တချို့သည် အပ္ပိဈေးတိုင်အောင်လည်းကောင်း၊ တချို့သည် ဧည့်ရိပ်သာသုံးဆောင်ဟု ခေါ်သောအရပ်တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည် ထိုသူတို့ကို တွေ့မြင်သောအခါ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အားတက်လေ၏။