အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 1:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် တမန်တော်တို့​သည် ယေရှု​နှင့်အတူ စုဝေးကြ​စဉ်​တွင် သူတို့​က “သခင်ဘုရား… ယခုအချိန်​သည် အစ္စရေးလူမျိုးတို့​အား နိုင်ငံတော်​ကို ပြန်လည်​ပေးအပ်တော်မူမည့်​အချိန်​ဖြစ်ပါသလော” ဟု မေးလျှောက်ကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

တ​မန်​တော်​တို့​သည်​စု​ဝေး​မိ​ကြ​သော​အ​ခါ ကိုယ်​တော်​အား``သ​ခင်​ဘု​ရား၊ ဤ​အ​ချိန်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏ နိုင်​ငံ​ကို​ကိုယ်​တော်​ရှင်​ပြန်​လည်​ပေး​အပ်​မည့် အ​ချိန်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ နှင့် အ ညီ၊ တ မန် တော် တို့ စု ဝေး လျက် ရှိ နေ ကြ စဉ် အ ရှင် ဘု ရား၊ ကိုယ် တော် သည် ယ ခု အ ခါ ဣ သ ရေ လ အ မျိုး သား တို့ အား နိုင် ငံ ကို ပြန် ရ စေ မည် လော ဟု မေး လျှောက် ကြ သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​တ​မန်​တော်​တို့​သည်​လည်း စု​ဝေး၍၊ သ​ခင်​ဘု​ရား၊ ယ​ခု​အ​ခါ​ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား နိုင်​ငံ​ကို​ပြန်​ပေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် သူ​တို့​စုဝေး​လာ​ကြ​သောအခါ သူ​တို့​က ကိုယ်တော်​အား “သခင်​ဘုရား၊ ကိုယ်တော်​သည် ယခု​အချိန်​တွင် အစ္စရေး​လူမျိုး​အတွက် နိုင်ငံ​ကို ပြန်လည်​ထူထောင်​ပေး​တော်မူ​မည်​လော”​ဟု မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 1:6
23 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ဧလိယ​သည် အမှန်တကယ်​လာ​၍ အရာအားလုံး​ကို ပြန်လည်​တည်ထောင်​လိမ့်မည်။


ထိုအခါ ယေရှု​က “မည်သည့်​အရာ​ကို တောင်းလိုသနည်း” ဟု မေးတော်မူ၏။ သူ​က “ကိုယ်တော်​၏​နိုင်ငံတော်​တွင် ကျွန်မ​၏ သား​နှစ်ယောက်​ကို ကိုယ်တော်​၏​လက်ဝဲတော်ဘက်​၌​တစ်ယောက်၊ လက်ယာတော်ဘက်​၌​တစ်ယောက် ထိုင်ခွင့်​ပေးတော်မူပါ” ဟု လျှောက်၏။


ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ထိုင်တော်မူ​စဉ် တပည့်တော်တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်​နှင့် ကမ္ဘာ​ကုန်ဆုံးချိန်​၌ မည်သည့်​နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့​အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။


ယေရှု​က “ဧလိယ​သည် အရာအားလုံး​ကို ပြန်လည်​တည်ထောင်​ရန် စော​၍ လာမည်​မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ​၌ လူသား​သည် ဒုက္ခ​များစွာ​နှင့် ကဲ့ရဲ့​ပစ်ပယ်ခံရမည်​ဟု အဘယ်ကြောင့်​ရေးထားသနည်း။


တစ်နေ့​သောအခါ ဖာရိရှဲတို့​က “ဘုရားသခင်​၏​နိုင်ငံတော်​သည် မည်သည့်​အချိန်​တွင် ပေါ်ထွန်းမည်နည်း” ဟု မေးလျှောက်ကြ၏။ ထိုအခါ ယေရှု​က “ဘုရားသခင်​၏​နိုင်ငံတော်​သည် မြင်နိုင်သော​လက္ခဏာများ​နှင့်အတူ ပေါ်ထွန်းမည်​မဟုတ်။


လူထုပရိသတ်​သည် ယေရှု​မိန့်တော်မူ​သမျှ​ကို နားထောင်နေကြ၏။ ထိုစဉ် ဂျေရုဆလင်မြို့​အနီးသို့ ရောက်တော်မူ​သဖြင့် ကိုယ်တော်​သည် ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် လူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ချက်ချင်း​ပေါ်ထွန်းလာတော့မည်​ဟု ထင်မှတ်​သောကြောင့်​ဖြစ်၏။


ငါ့​ခမည်းတော်​သည် နိုင်ငံတော်​ကို ငါ့​အား အပ်သည့်​အတိုင်း ငါ​သည်လည်း နိုင်ငံတော်​ကို သင်တို့​အား​အပ်၏။


ပေတရု​က “သခင်… သူ​သည်ရော မည်သို့​ဖြစ်မည်နည်း” ဟု မေးလျှောက်၏။