ထိုအရှင်သည် မိမိဖန်ဆင်းတော်မူခဲ့သောကမ္ဘာလောကသို့ ကြွလာ၏။ သို့သော်လည်း ကမ္ဘာလောကသားတို့သည် ထိုအရှင်ကို မသိကြပေ။
ဂလာတိ 4:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို မသိခဲ့စဉ်က သင်တို့သည် သဘာဝအားဖြင့် ဘုရားမဟုတ်သော အရာများထံ ကျွန်ခံခဲ့ကြ၏။ Common Language Bible အခါတစ်ပါးကသင်တို့သည်ဘုရားသခင်ကို မသိကြသဖြင့် မစစ်မမှန်သောဘုရားတို့၏ ကျွန်ဖြစ်ခဲ့ကြ၏။- Garrad Bible ထို အ ခါ သင် တို့ သည် ဘု ရား သ ခင် ကို မ သိ သ ဖြင့် ပြ က တေ့ ဘု ရား မ ဟုတ် သော နတ် များ အောက် ကျွန် ခံ လျက် နေ ခဲ့ ကြ ရာ၊ Judson Bible သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင်ကို မသိသောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ်သော သူတို့၏အမှုကို ဆောင်ရွက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်ကိုမသိခဲ့စဉ်က သင်တို့သည် ပင်ကိုအားဖြင့် ဘုရားမဟုတ်သောအရာများထံ ကျွန်ခံခဲ့ကြ၏။ |
ထိုအရှင်သည် မိမိဖန်ဆင်းတော်မူခဲ့သောကမ္ဘာလောကသို့ ကြွလာ၏။ သို့သော်လည်း ကမ္ဘာလောကသားတို့သည် ထိုအရှင်ကို မသိကြပေ။
သူတို့က ဗာနဗကို ဂရိနတ်ဘုရား ဇုသဟု ခေါ်၍ ပေါလုကိုမူ အဓိကဟောပြောသူဖြစ်သောကြောင့် ဟေရမဟု ခေါ်ကြ၏။
အကြောင်းမှာ ငါသည် မြို့ထဲသို့သွား၍ သင်တို့တည်ထားကိုးကွယ်သောဘုရားများကို ဂရုတစိုက်လှည့်ပတ်ကြည့်ရှုစဉ် ‘အမည်မသိသောဘုရားအတွက်’ ဟူ၍ ရေးထိုးထားသော ဘုရားစင်တစ်ခုကို မြင်ပါ၏။ ဤသို့ သင်တို့မသိမမြင်ဘဲ ကိုးကွယ်နေသော ထိုဘုရားအကြောင်းကို ယခု ကျွန်ုပ်ဟောပြောနေခြင်းဖြစ်၏။
ဘုန်းကြီး၍ ထာဝရအသက်ရှင်သော ဘုရားသခင်ကို ကိုးကွယ်ရမည့်အစား သေမျိုးဖြစ်သော လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါများနှင့် တွားသွားသတ္တဝါများ၏ ပုံတူရုပ်တုများကို ထုလုပ်ကိုးကွယ်လာကြ၏။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
လူ၏ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိနိုင်စေရန် ဘုရားသခင်သည် ဉာဏ်တော်ဖြင့် စီမံခန့်ခွဲထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသောတရားဟု လူတို့ယူဆသည့် ကျွန်ုပ်တို့ဟောသောတရားအားဖြင့် ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ကယ်တင်ရန် အလိုရှိတော်မူ၏။
သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်မီအချိန်က စကားမပြောနိုင်သောရုပ်တုများကို ကိုးကွယ်ရန် တစ်နည်း၊ သို့မဟုတ် တစ်နည်းဖြင့် သွေးဆောင်ခံရကာ လမ်းလွဲခဲ့ကြကြောင်း သင်တို့အသိပင် ဖြစ်၏။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ဆိုရလျှင် ရုပ်တုသည် ဤလောကတွင် သက်ရှိမဟုတ်ကြောင်းနှင့် ဘုရားသခင်တစ်ဆူတည်းမှလွဲ၍ အခြားဘုရားမရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့သည်လည်း အရွယ်မရောက်မီအချိန်၌ လောကီအခြေခံမူအောက်တွင် ကျွန်ခံခဲ့ကြ၏။
ထိုသူတို့သည် ဉာဏ်အလင်းကွယ်၍ သူတို့၏ မသိနားမလည်မှုနှင့် ခေါင်းမာမှုတို့ကြောင့် ဘုရားသခင် ပေးတော်မူသောအသက်နှင့် ကင်းကွာလျက် ရှိကြ၏။
သင်တို့ထံ ကျွန်ုပ်တို့ရောက်ခဲ့စဉ် သင်တို့သည် ကျွန်ုပ်တို့ကို မည်သို့ လက်ခံခဲ့ကြောင်းကိုလည်းကောင်း၊ အသက်ရှင်၍ စစ်မှန်သည့် ဘုရားသခင်ကို အစေခံရန် သင်တို့သည် ရုပ်တုကိုးကွယ်နေခဲ့ရာမှ ဘုရားသခင်ထံ မည်သို့ပြောင်းလဲခဲ့ကြောင်းကိုလည်းကောင်း ထိုဒေသတွင် နေထိုင်သူများက ပြောပြကြ၏။
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်သောသူများကဲ့သို့ ကိလေသာလွန်ကြူးခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ ပွဲလုပ်ပျော်ပါးခြင်း၊ သောက်စားခြင်း၊ ပညတ်တရားနှင့် မလျော်ညီသည့် ရုပ်တုကိုးကွယ်ခြင်းတို့ကို ပြုမူ၍ အချိန်အတန်ကြာ နေထိုင်ခဲ့သောကြောင့်ဖြစ်၏။
ခမည်းတော်သည် ကျွန်ုပ်တို့ကို မည်မျှချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကျွန်ုပ်တို့ကိုလည်း မသိကြ။