ထိုသူတို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်မှုရှိကြောင်း ကျွန်ုပ်သက်သေခံ၏။ သို့သော်လည်း ထိုထက်သန်သော စိတ်သည် အသိပညာအားဖြင့် မဟုတ်။
ကောလောသဲ 4:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် သင်တို့အတွက်သော်လည်းကောင်း၊ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ နေသောသူတို့အတွက်သော်လည်းကောင်း အလွန် ကြိုးစား ဆောင်ရွက်ကြောင်း ကျွန်ုပ်သက်သေခံ၏။ Common Language Bible သူသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့နှင့်ဟေရပေါလိမြို့၌ရှိသူများအတွက် လည်းကောင်းအလွန်ကြိုးစားလုပ်ဆောင်သူဖြစ် ကြောင်းငါကိုယ်တိုင်သက်သေခံပါ၏။- Garrad Bible ထို သူ သည် သင် တို့ နှင့် လော ဒိ ကိ မြို့၊ ဟေ ရ ပေ လိ မြို့ များ၌ ရှိ နေ သူ တို့ အ တွက် များ စွာ ပင် ပန်း ခံ ကြောင်း ငါ သက် သေ ခံ၏။ Judson Bible သင်တို့မှစ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ရှိသော သူတို့အဖို့ သူသည် အလွန်စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် သူသည် သင်တို့မှစ၍ လောဒိကိမြို့နှင့်ဟေရပေါလိမြို့၌ရှိသောသူတို့အတွက် အလွန်ပင်ပန်းစွာကြိုးစားလျက်ရှိကြောင်း ငါသက်သေခံ၏။ |
ထိုသူတို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်မှုရှိကြောင်း ကျွန်ုပ်သက်သေခံ၏။ သို့သော်လည်း ထိုထက်သန်သော စိတ်သည် အသိပညာအားဖြင့် မဟုတ်။
သူတို့သည် တတ်နိုင်သမျှအတိုင်း ပေးကမ်းသည်သာမက မိမိတို့ဆန္ဒအလျောက် ထိုထက်ပင် ပို၍ ပေးကမ်းကြကြောင်း ကျွန်ုပ်သက်သေခံ၏။
သင်တို့နှင့် လောဒိကိမြို့သားများအပါအဝင် ကျွန်ုပ်နှင့် လူချင်းမဆုံဖူးသေးသောသူများအတွက် ကျွန်ုပ် မည်မျှကြိုးပမ်းရုန်းကန်နေသည်ကို သင်တို့သိစေလို၏။
ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။