ထိုအခါအာမုတ်က``ငါသည်အခကြေး ငွေယူ၍ပရောဖက်ပြုသောပရောဖက် တစ်ယောက်မဟုတ်။ ငါသည်သိုးထိန်းဖြစ် ၍သင်္ဘောသဖန်းပင်များကိုပြုစုနေသူ တစ်ဦးဖြစ်၏။-
ငါ အာ မုတ် က၊ ပ ရော ဖက် မ ဟုတ်၊ ပ ရော ဖက် ဂိုဏ်း သား မ ဟုတ်၊ အ ထိန်း အ ကျောင်း၊ ပိုး စာ ခြံ စောင့် ဖြစ် သော ကျွန် တော် ကို၊
အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်း မဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်းသီးကို ဆွတ်သောသူဖြစ်စဉ်အခါ၊
အာမုတ်ကလည်း အာမဇိအား “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်။ ငါသည် သိုးများကို ထိန်းကျောင်းသူ၊ သင်္ဘောသဖန်းပင်များကို စိုက်ပျိုးပြုစုသူဖြစ်၏။
ဧလိယသည်ထိုအရပ်မှထွက်ခွာသွားသော အခါ နွားတစ်ရှဉ်းနှင့်လယ်ထွန်နေသော ဧလိရှဲ ကိုတွေ့လေသည်။ သူ၏ရှေ့တွင်နွားတစ်ဆယ့် တစ်ရှဉ်းရှိ၍သူသည်နောက်ဆုံးနွားတစ်ရှဉ်း ဖြင့်လယ်ထွန်၍နေသတည်း။ ဧလိယသည် မိမိ၏ဝတ်လုံကိုချွတ်၍ဧလိရှဲ၏အပေါ် တွင်တင်လေသည်။-
ပရောဖက်တစ်ပါးသည် ထာဝရဘုရား၏အမိန့် တော်အရအခြားပရောဖက်တစ်ပါးအား``ငါ့ ကိုရိုက်လော့'' ဟုဆို၏။ သို့သော်လည်းပရောဖက် ကငြင်းဆန်သဖြင့်၊-
ယေရိခေါမြို့မှပရောဖက်ငါးကျိပ်တို့သည် ဧလိရှဲကိုမြင်သဖြင့်``ဧလိယ၏တန်ခိုးကို ဧလိရှဲခံယူရရှိလေပြီ'' ဟုဆိုကြ၏။ သူ တို့သည်ဧလိရှဲအားလာရောက်ကြိုဆိုကာ သူ၏ရှေ့တွင်ဦးညွှတ်ကြပြီးနောက်၊-
ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ကိုယ်တော်၏သခင် ကိုကိုယ်တော့်ထံမှ ယနေ့ထာဝရဘုရားရုပ် သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟုမေး ကြ၏။ ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော'' ဟုပြန်၍ဖြေကြား၏။
ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ထာဝရဘုရားသည် ကိုယ်တော်၏သခင်ကိုကိုယ်တော်ထံမှ ယနေ့ ရုပ်သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟု မေးကြ၏။ ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော့'' ဟုပြန်၍ဖြေကြား၏။
ပရောဖက်ငါးကျိပ်တို့သည်ယော်ဒန်မြစ်အထိ လိုက်သွားကြ၏။ ဧလိယနှင့်ဧလိရှဲတို့သည် မြစ်အနီးတွင်ရပ်တန့်ကြသောအခါ ပရော ဖက်ငါးကျိပ်တို့သည်မလှမ်းမကမ်းတွင်ရပ် လျက်နေကြ၏။-
အခါတစ်ပါး၌နိုင်ငံတစ်ဝှမ်းလုံးတွင် အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေချိန် ၌ ဧလိရှဲသည်ဂိလဂါလမြို့သို့ပြန်လေသည်။ သူသည်ပရောဖက်တစ်စုကိုသွန်သင်လျက်နေ စဉ် ထိုသူတို့အတွက်အိုးကြီးတစ်လုံးဖြင့် ဟင်းချက်ရန် မိမိ၏အစေခံအားပြော ကြား၏။-
ဧလိရှဲ၏လက်အောက်ခံပရောဖက်တစ်စု က``အကျွန်ုပ်တို့နေထိုင်သည့်အဆောင်သည် အလွန်ပင်ကျဉ်းပါသည်။-
ထိုအချိန်၌ပရောဖက်ဟာနန်သည်အာသ မင်းထံသို့သွား၍``ဘုရင်မင်းသည်မိမိ၏ ဘုရားသခင်ကိုအားကိုးမည့်အစားရှုရိ မင်းကိုအားကိုးသည်ဖြစ်၍ဣသရေလ ၏တပ်မတော်သည်ဘုရင်မင်း၏လက်မှလွတ် မြောက်သွားလေပြီ။-
ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-
ယောရှဖတ်၏နန်းသက်အစမှအဆုံးတိုင် အောင်သူဆောင်ရွက်ခဲ့သည့်အမှုအရာ အလုံးစုံကို ဣသရေလရာဇဝင်၏တစ်စိတ် တစ်ဒေသဖြစ်သောဟာနန်၏သားယေဟု အတ္ထုပ္ပတ္တိတွင်ရေးထားသတည်း။
စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏။
ဤသည်မှာတေကောရွာမှ သိုးထိန်းအာမုတ် ဟောသောစကားများဖြစ်သည်။ ယုဒဘုရင် သြဇိမင်းလက်ထက်၊ ဣသရေလနိုင်ငံတွင် ဘုရင်ယောရှ၏သားယေရောဗောင်မင်းအုပ် စိုးစဉ်ကာလ၊ မြေငလျင်မလှုပ်မီနှစ်နှစ် အထက်ကထာဝရဘုရားသည် အာမုတ် အားဣသရေလတို့နှင့်ပတ်သက်သော ဤ အကြောင်းအရာတို့ကိုဖော်ပြဖွင့်ဆို တော်မူခဲ့သည်။
ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူလျှင် မည် သူကဗျာဒိတ်တော်ကိုမကြွေးကြော်ဘဲ နေနိုင်မည်နည်း။
ယင်းသို့ပြုမည့်အစား`အကျွန်ုပ်သည်ပရော ဖက်မဟုတ်ပါ။ လယ်သမားဖြစ်၍တစ်သက် လုံးလယ်ယာကိုထွန်ယက်ခဲ့ပါ၏' ဟုဆို လိမ့်မည်။-
သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။-
သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။-