၂ ရာချုပ် 20:34 - Common Language Bible34 ယောရှဖတ်၏နန်းသက်အစမှအဆုံးတိုင် အောင်သူဆောင်ရွက်ခဲ့သည့်အမှုအရာ အလုံးစုံကို ဣသရေလရာဇဝင်၏တစ်စိတ် တစ်ဒေသဖြစ်သောဟာနန်၏သားယေဟု အတ္ထုပ္ပတ္တိတွင်ရေးထားသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible34 ယော ရှ ဖတ် မင်း အ စ အ ဆုံး ပြု မူ သော အ ကြွင်း အ ကျန် သည်၊ ဣ သ ရေ လ ရာ ဇ ဝင် တွင် ပါ ဝင် သော၊ ဟာ နန့် သား ယေ ဟု အ တ္ထု ပ္ပ တ္တိ၌ ရေး ထား လျက် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible34 ယောရှဖတ်ပြုမူသော အမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ဆက်၍၊ ဟာနန်သားယေဟု စီရင်သောစာ၌ ရေးထားလျက်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 ကျန်ရှိနေသောယောရှဖတ်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင်ပါဝင်သော ဟာနနိ၏သားယေဟု၏မှတ်တမ်းထဲတွင် ရေးမှတ်ထားလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ဟာနန်၏သားပရောဖက်ယေဟုထံသို့၊ ဗာရှာ အားဆင့်ဆိုရန်၊ ထာဝရဘုရားထံတော်မှ ဗျာဒိတ်တော်ရောက်ရှိလာ၏။ ``သင်သည်မရေ ရာသူဖြစ်ခဲ့သော်လည်း ငါသည်သင့်အားငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ ၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူခဲ့၏။ သို့ရာတွင်သင်သည်ယေရောဗောင်ကဲ့သို့ပင် အပြစ်ကူးပြီးလျှင် ငါ၏လူမျိုးတော်အား လည်းအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြခဲ့ လေပြီ။ သူတို့၏အပြစ်များသည်ငါ၏ အမျက်တော်ကိုလှုံ့ဆော်ပေးသည်ဖြစ်၍၊-
ထာဝရဘုရားအားဗာရှာပြစ်မှားသည့်အပြစ် များအတွက်ကြောင့် ပရောဖက်ယေဟုသည်ဗာရှာ နှင့်အိမ်ထောင်စုအားထိုဗျာဒိတ်တော်ကိုဆင့် ဆို၏။ ဗာရှာသည်မိမိ၏အလျင်အုပ်စိုးခဲ့သည့် ယေရောဗောင်မင်းကဲ့သို့အပြစ်ကူးသည်သာ မက ယေရောဗောင်နှင့်အိမ်ထောင်စုသားအပေါင်း ကိုလည်းသတ်ဖြတ်သဖြင့် ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူ၏။