အို ဗာဗုလုန်မြို့၊သင်သည်ဖြိုဖျက်ခြင်းခံရ ပေလိမ့်မည်။ ငါတို့ကိုသင်ပြုကျင့်ခဲ့သည့်အမှုအတွက် သင့်အားလက်စားချေသူ၊ သင်၏နို့စို့ကလေးတို့ကိုကိုင်၍ကျောက်ပေါ်တွင် ဆောင့်သတ်သူသည်မင်္ဂလာရှိ၏။
ဟဗက္ကုတ် 2:8 - Common Language Bible သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့% ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက်% မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့% ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း% ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ% ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့% အားတိုက်ခိုက်လုယက်ကြလိမ့်မည်။ % Garrad Bible လူ တို့၏ သွေး သွန်း မှု၊ နေ ပြည် နှင့် မြို့ ရွာ မှ စ၍ နေ ထိုင် သ မျှ သော သူ တို့၌ ပြု ခဲ့ သည့် ကြမ်း ကြုတ် မှု အ တွက် လည်း ကောင်း၊ မြောက် မြား သော လူ မျိုး တို့ အား ပြု ခဲ့ သော လု ယက် မှု အ တွက် လည်း ကောင်း၊ ထို လူ မျိုး များ၏ အ ကြွင်း အ ကျန် တို့ သည်၊ သင်၌ လု ယက် မှု ကို တုံ့ ပြန် ရ ကြ လ တ္တံ့။ Judson Bible သင်သည် များစွာသောလူမျိုးတို့ကို လုယူသောကြောင့်၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြုကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် လူကိုသတ်ဖြတ်၍ ကမ္ဘာမြေရှိမြို့များနှင့် မြို့သူမြို့သားအပေါင်းတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုကိုပြုပြီး လူမျိုးများစွာကို တိုက်ခိုက်လုယူခဲ့သောကြောင့် ကြွင်းကျန်သောသူအပေါင်းတို့သည် သင့်ကို ပြန်၍တိုက်ခိုက်လုယူလိမ့်မည်။ |
အို ဗာဗုလုန်မြို့၊သင်သည်ဖြိုဖျက်ခြင်းခံရ ပေလိမ့်မည်။ ငါတို့ကိုသင်ပြုကျင့်ခဲ့သည့်အမှုအတွက် သင့်အားလက်စားချေသူ၊ သင်၏နို့စို့ကလေးတို့ကိုကိုင်၍ကျောက်ပေါ်တွင် ဆောင့်သတ်သူသည်မင်္ဂလာရှိ၏။
အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
ငါတို့၏ရန်သူများသည်အမင်္ဂလာရှိကြ ၏။ မိမိတို့အားအဘယ်သူမျှတိုက်ခိုက်လု ယက်မှုကိုမပြု၊ သစ္စာလည်းမဖောက်ကြသော် လည်းသူတို့ကလုယက်တိုက်ခိုက်ကာသစ္စာ ဖောက်ကြ၏။ သို့ရာတွင်သူတို့လုယက်တိုက် ခိုက်၍သစ္စာဖောက်ရန်အချိန်ကာလကုန်ဆုံး ချိန်ကျရောက်လာလိမ့်မည်။ ထိုအခါသူတို့ သည်လုယက်တိုက်ခိုက်ခြင်းနှင့်သစ္စာဖောက် ခြင်းကိုခံရကြလိမ့်မည်။
သူတို့၏ပစ္စည်းဥစ္စာများကိုလည်းတိုက်ရာ ပါအဖြစ်လုယက်သိမ်းယူခြင်းကိုခံရ ကြပါ၏။
ငါသည်မိမိ၏လူမျိုးတော်အားအမျက်ထွက် သဖြင့်၊ ငါ၏လူမျိုးတော်မဟုတ်ဘိသကဲ့သို့ပြုခဲ့၏။ သင်၏အာဏာစက်အောက်တွင်ထားရှိခဲ့၏။ သို့ရာတွင်သင်သည်သူတို့အပေါ်၌ သနားကြင်နာစိတ်မထား။ အသက်ကြီးသူများကိုပင်ကြမ်းကြုတ်စွာ ပြုကျင့်၏။
သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍ သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။ သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊ သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။
``လေးသမားတို့၊ စစ်ရေးစစ်ရာခင်းကျင်း လျက်ဗာဗုလုန်မြို့ကိုတိုက်ခိုက်ဝိုင်းရံကြ လော့။ ဗာဗုလုန်မြို့သည်ငါထာဝရဘုရား အားပြစ်မှားလေပြီ။ သို့ဖြစ်၍သင်တို့၏ မြားရှိသမျှကိုထိုမြို့ထဲသို့ပစ်လွှတ် ကြလော့။-
(ဗာဗုလုန်ပြည်မှလွတ်မြောက်လာသောစစ် ပြေးဒုက္ခသည်များသည်ဇိအုန်မြို့သို့လာ ရောက်ပြီးလျှင် ကိုယ်တော်၏ဗိမာန်တော်ကို ဗာဗုလုန်ပြည်သားတို့ဖျက်ဆီးကြသည့် အတွက် ငါတို့ဘုရားသခင်ထာဝရ ဘုရားသည်သူတို့အားအဘယ်သို့လက် စားချေတော်မူကြောင်းကိုပြောပြကြ၏။)
သူတို့၏မြင်းများ၊စစ်ရထားများကို ဖျက်ဆီးပစ်ကြလော့။ ငှားရမ်းထားသည့်စစ်သည်တပ်သားတို့ သည် သေဆုံးရကြလိမ့်မည်။ သူတို့သည်အလွန်အားအင်ချည့်နဲ့လျက် နေကြ၏။ ဗာဗုလုန်မြို့၏ပစ္စည်းဘဏ္ဍာများကို ဖျက်ဆီးပစ်ကြလော့။ ယင်းတို့ကိုတိုက်ခိုက်လုယက်ကြလော့။
ဗာဗုလုန်မြို့သည်မြစ်များနှင့်ပစ္စည်းဘဏ္ဍာ ပေါများကြွယ်ဝသောမြို့ဖြစ်သော်လည်း ပျက် စီးရန်အချိန်စေ့ပြီဖြစ်သဖြင့်ယင်း၏အသက် သွေးကြောပြတ်၍သွားတော့၏။-
ထာဝရဘုရားက``ဇိအုန်မြို့အားဗာဗုလုန် မြို့သူမြို့သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက် မကောင်းမှုများအတွက် ငါလက်စားချေ သည်ကိုသင်တို့တွေ့မြင်ရကြလိမ့်မည်။-
ငါသည်ဗာဗုလုန်မြို့၏ဗေလဘုရားကို အပြစ်ဒဏ်ခတ်၍ ခိုးရာပါပစ္စည်းများကို လည်းပြန်အပ်စေမည်။ လူမျိုးတကာတို့ သည်သူ့အားနောက်တစ်ဖန်ဝတ်ပြုကိုး ကွယ်ကြတော့မည်မဟုတ်။ ``ဗာဗုလုန်မြို့ရိုးများသည်ပြိုကျလေပြီ။-
မြောက်အရပ်မှလာရောက်တိုက်ခိုက်သူတို့ ၏လက်တွင်းသို့ ဗာဗုလုန်မြို့ကျဆင်းသွား သောအခါမြေကြီးပေါ်၌လည်းကောင်း၊ မိုး ကောင်းကင်၌လည်းကောင်းရှိသမျှသော အရာတို့သည်ဝမ်းမြောက်သဖြင့်ကြွေး ကြော်ကြလိမ့်မည်။-
ဗာဗုလုန်မြို့သည်ရုတ်တရက်ပြိုလဲပျက် စီးသွားလေပြီ။ ထိုမြို့အတွက်ငိုကြွေး ကြလော့။ သူ၏ဒဏ်ရာများအတွက်ဆေး ဝါးကိုရှာကြလော့။ သူ့အားအနာရောဂါ ပျောက်ကင်းအောင်ကုသကောင်းကုသနိုင် ပေလိမ့်မည်။-
သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။-
ရန်သူတို့စွန့်ပစ်ထားခဲ့သည့်လက်နက်များ ကိုရရှိကြမည်ဖြစ်၍သူတို့သည်လွင်ပြင် ၌ထင်းခွေရန်၊ တော၌သစ်ပင်များခုတ်လှဲ ရန်လိုလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့ အားလုယက်သတ်ဖြတ်ကြသူတို့ကိုပြန် ၍တိုက်ခိုက်လုယက်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။-
``ငါထာဝရဘုရားသည်လူမျိုးတကာ တို့အား၊ တရားစီရင်တော်မူမည့်နေ့ရက်အချိန် ကျရောက်လာလိမ့်မည်။ အို ဧဒုံပြည်သူတစ်ပါးတို့အား သင်ပြုကျင့်ခဲ့သည့်အတိုင်း၊ သူတစ်ပါးတို့သည်သင့်အားပြုကျင့်ကြ လိမ့်မည်။ သူတို့နှင့်သင်ဆက်ဆံခဲ့သည့်နည်းအတိုင်း သူတို့သည်သင်နှင့်ဆက်ဆံကြလိမ့်မည်။
သို့ရာတွင်သင်တို့၏စီမံကိန်းများကပင်% လျှင် သင်တို့လူမျိုးကိုအရှက်ရစေလေပြီ။ % သင်တို့သည်လူမျိုးတကာတို့ကိုသုတ်သင်% ဖျက်ဆီးခြင်းအားဖြင့် မိမိတို့ကိုယ်တိုင်ယို% ယွင်းပျက်စီးရလေပြီ။-%
သင်တို့သည်လေဗနုန်သစ်တောများကိုခုတ်% လှဲခဲ့ကြ၏။ ယခုအခါသင်တို့ကိုယ်တိုင်% ပင်ခုတ်လှဲခြင်းကိုခံရကြလိမ့်မည်။ သင်% တို့သည်ထိုတောမှတိရစ္ဆာန်များကိုသတ်% ဖြတ်ခဲ့ကြ၏။ ယခုအခါတိရစ္ဆာန်များ% သည်သင်တို့အားကြောက်လန့်တုန်လှုပ်စေ% ကြလိမ့်မည်။ သင်တို့ကူးလွန်ခဲ့သည့်လူ% သတ်မှုများကြောင့်သော်လည်းကောင်း၊ ကမ္ဘာ% ပေါ်ရှိလူများမြို့များကိုအကြမ်းဖက်% ခဲ့မှုများကြောင့်လည်းကောင်း ဤအမှု% အရာများဖြစ်ပျက်လာလိမ့်မည်။ %
ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-
ထာဝရဘုရားသည်ယေရုရှလင်မြို့ကို တိုက်ခိုက်သူလူမျိုးအပေါင်းတို့အပေါ် သို့ ကြောက်မက်ဖွယ်ကောင်းသည့်အနာရောဂါ ဘေးသက်ရောက်စေတော်မူလိမ့်မည်။ သူတို့ သည်အသက်ရှင်လျက်ရှိစဉ်အခါ၌ပင် အသားအရေများပုပ်ပျက်၍သွားလိမ့် မည်။ သူတို့၏မျက်စိများနှင့်လျှာများ သည်လည်းပုပ်ပျက်၍သွားလိမ့်မည်။
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-