Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 50:37 - Common Language Bible

37 သူ​တို့​၏​မြင်း​များ၊စစ်​ရ​ထား​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ငှား​ရမ်း​ထား​သည့်​စစ်​သည်​တပ်​သား​တို့ သည် သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​လွန်​အား​အင်​ချည့်​နဲ့​လျက် နေ​ကြ​၏။ ဗာ​ဗု​လုန်​မြို့​၏​ပစ္စည်း​ဘဏ္ဍာ​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ယင်း​တို့​ကို​တိုက်​ခိုက်​လု​ယက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 မြင်း တပ်၊ ရ ထား တပ်၊ ပြည် ရှိ မျိုး ကွဲ တပ် များ အ ပေါ် သို့ ဓား ဘေး သင့် ရောက် စေ သ ဖြင့်၊ မိန်း မ သူ ရဲ ဘော ရှိ ကြ လ တ္တံ့။ အ စီး အ ပွား အ ပေါ် သို့ ဓား ဘေး သင့် ရောက် သ ဖြင့်၊ အ လု အ ယက် ခံ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ဓား​ဘေး​သည် မြင်း​များ၊ ရ​ထား​များ၊ မြို့​ထဲ​မှာ နေ​သော​လူ​အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့ အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် မိန်း​မ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ဓား​ဘေး​သည် မြို့​ဘ​ဏ္ဍာ​အ​ပေါ်​သို့​ရောက်၍၊ ရန်​သူ​တို့​သည် လု​ယူ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 ဓားဘေး​ကြောင့် မြင်း​များ​၊ စစ်ရထား​များ​၊ ပြည်​ထဲ​ရှိ​လူမျိုးခြား​များ​သည် မိန်းမ​ကဲ့သို့ ကြောက်​ကြ​လိမ့်မည်​။ ဓားဘေး​ကြောင့် ဘဏ္ဍာတိုက်​များ အသိမ်း​ခံရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 50:37
20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် တိုက်​ခိုက်​မှု​များ​ကို​ငြိမ်း​စေ​တော်​မူ​၏။ လေး​တို့​ကို​ချိုး​၍​လှံ​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ ဒိုင်း​တို့​ကို​မီး​ရှို့​တော်​မူ​၏။


အို ယာ​ကုပ်​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ခြိမ်း​ခြောက်​တော်​မူ​လိုက်​သော အ​ခါ၊ မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​သည်​လဲ​ကျ သေ​ဆုံး​ကြ​ပါ​၏။


အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​မိန်း​မ​ကဲ့​သို့ သ​ဝန်​ကြောင်​ကြ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက် လာ​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား​တော်​မူ သည်​ကို​တွေ့​မြင်​ကြ​သော​အ​ခါ၊ သူ​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။-


မှောင်​မိုက်​သည့်​ဘဏ္ဍာ​တိုက်​များ​နှင့်​လျှို့​ဝှက် သည့် အ​ရပ်​တွင် သိမ်း​ဆည်း​ထား​သည့်​ပစ္စည်း​ဥစ္စာ​ရ​တ​နာ များ​ကို သင့်​အား​ငါ​ပေး​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် သင့်​ကို​ရွေး​ချယ်​၍​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​သင်​သိ​ရှိ​ရ​လိမ့်​မည်။


မြို့​များ၊ ခံ​တပ်​များ​သည်​အ​သိမ်း​ခံ​ရ​ကြ လိမ့်​မည်။ ထို​နေ့​၌​မော​ဘ​စစ်​သည်​တော်​တို့ သည်​သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး သ​မီး​ကဲ့​သို့​ကြောက်​လန့်​ကြ​လိမ့်​မည်။-


ဗာ​ဗု​လုန်​ပြည်​သည်​လု​ယက်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လု​ယက်​သူ​တို့​သည်​လည်း မိ​မိ​တို့ အ​လို​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


ထို​မြို့​ကို​အ​ဘက်​ဘက်​မှ​နေ​၍​တိုက်​ခိုက်​ကြ လော့။ စ​ပါး​ကျီ​များ​ကို​ဖောက်​ဖျက်​ကြ​လော့။ တိုက်​ခိုက်​လု​ယက်​၍​ရ​သော​ဥစ္စာ​ပစ္စည်း​တို့​ကို စ​ပါး​ပုံ​များ​ကဲ့​သို့​စု​ပုံ​ထား​ကြ​လော့။ မြို့ ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လော့။ အ​ဘယ် အ​ရာ​ကို​မျှ​ချန်​လှပ်​မ​ထား​ကြ​နှင့်။-


မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​များ​ကို​လည်း​ကောင်း၊ ရ​ထား​နှင့်​ရ​ထား​ထိန်း​များ​ကို​လည်း​ကောင်း က​စဥ့်​က​လျား​ဖြစ်​စေ​ခဲ့​၏။


အ​မျိုး​သား၊အ​မျိုး​သ​မီး​များ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ၊အ​သက်​ငယ်​သူ​များ ကို​လည်း​ကောင်း၊ ယောကျာ်း​က​လေး​များ​နှင့်​မိန်း​က​လေး​များ ကို​လည်း​ကောင်း​ကွပ်​မျက်​ခဲ့​၏။


ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​တို့​သည်​စစ်​မ​တိုက် ကြ​တော့​ဘဲ​မိ​မိ​တို့​ခံ​တပ်​များ​အ​တွင်း​၌​သာ လျှင်​နေ​လျက်​ရှိ​ကြ​၏။ သူ​တို့​သည်​စိတ်​ပျက် အား​လျော့​ကာ​အ​မျိုး​သ​မီး​များ​သ​ဖွယ်​ဖြစ် ကြ​လေ​ကုန်​ပြီ။ မြို့​တံ​ခါး​တို့​သည်​ကျိုး​ပေါက် ကုန်​လျက်​အိမ်​များ​သည်​လည်း​မီး​လောင်​၍​နေ​၏။-


သူ​တို့​သည်​ဒဏ်​ရာ​ရ​လျက်​မိ​မိ​တို့​၏ လမ်း​များ​တွင် သေ​ဆုံး​ကြ​လိမ့်​မည်။-


``စစ်​ပွဲ​တွင်​ကု​ရှ​ပြည်၊ ဖု​တ​ပြည်၊ လု​ဒ​ပြည်၊ အာ​ရေ​ဗျ​ပြည်​နှင့်​ခု​ဘ​ပြည်​တို့​မှ​အ​ငှား စစ်​သည်​များ​နှင့် ငါ​၏​လူ​မျိုး​တော်​အ​ထဲ မှ​ပင်​လျှင်​အ​ချို့​သော​သူ​တို့​ကျ​ဆုံး​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​ပြင်​ဆင်​သော​စား​ပွဲ​တွင်​သူ​တို့​သည် မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ၊ တပ်​မ တော်​သား​များ​နှင့်​စစ်​ပွဲ​ဝင်​သူ​တို့​၏​အ သား​ကို​စား​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည် သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ရ​ထား​များ​ကို​ငါ မီး​ရှို့​ပစ်​မည်။ သင်​၏​စစ်​သည်​တပ်​သား​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တစ်​ပါး တို့​ထံ​မှ သင်​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို​ငါ​ဖယ်​ရှား​မည်။ သင်​၏​သံ​တ​မန် တို့​၏​တောင်း​ဆို​သံ​များ​ကို​ကြား​ကြ​ရ တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။


သင်​၏​စစ်​သည်​တပ်​သား​တို့​သည်​အ​မျိုး​သ​မီး များ​သ​ဖွယ်​ဖြစ်​၍ သင်​၏​ပြည်​ရှိ​တံ​ခါး​များ သည်​လည်း​ရန်​သူ​များ​ရှေ့​တွင်​ခု​ခံ​ကာ​ကွယ် နိုင်​စွမ်း​ကင်း​မဲ့​လျက်​ပွင့်​နေ​၏။ သင်​၏​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည်​မီး​လောင် ကျွမ်း​၍​သွား​လိမ့်​မည်။-


တိုင်း​နိုင်​ငံ​တို့​ကို​ဖြို​ခွင်း​ကာ​သူ​တို့​၏​တန် ခိုး​အာ​ဏာ​ကို​ပျက်​သုဉ်း​စေ​မည်။ စစ်​မြင်း ရ​ထား​များ​ကို​ရ​ထား​ထိန်း​များ​နှင့်​တ​ကွ မှောက်​လှန်​ပစ်​မည်။ မြင်း​တို့​သည်​သေ​ကြ လိမ့်​မည်။ မြင်း​စီး​သူ​ရဲ​တို့​သည်​လည်း အ​ချင်း​ချင်း​သတ်​ဖြတ်​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ