ဇာခရိ 1:15 - Common Language Bible15 ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible15 အ မျက် တော် အ နည်း ငယ် သာ ထား ခဲ့ ၏။ မ ကောင်း ကျိုး အ လို့ ငှာ အား ပေး သူ၊ လျစ် လျူ စွာ နေ ထိုင် သူ လူ မျိုး ခြား တို့ အ ပေါ်၌ ကား၊ ပြင်း ထန် သော အ မျက် တော် ကို ငါ ထား လျက် နေ သည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ အခန်းကိုကြည့်ပါ။Judson Bible15 ငြိမ်ဝပ်စွာနေသော တစ်ပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ ညှဉ်းဆဲကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဇိအုန်မြို့၌သက်တောင့်သက်သာစွာဇိမ်ခံ နေကြသူတို့၊ ရှမာရိတောင်ပေါ်တွင်လုံလုံ ခြုံခြုံနှင့်စံမြန်းနေကြသူတို့၊ ပြည်သူ များကအသနားခံနေရသူတို့၊ လူမျိုး များထဲမှအထွတ်အမြတ်ဖြစ်သောဣသ ရေလလူမျိုးတော်တို့၊ သင်တို့သည်အရှက် တကွဲအကျိုးနည်းဖြစ်ရတော့မည်။-
ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍ သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။ သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊ သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။
ထာဝရဘုရားသည်ယေရုရှလင်မြို့ကို တိုက်ခိုက်သူလူမျိုးအပေါင်းတို့အပေါ် သို့ ကြောက်မက်ဖွယ်ကောင်းသည့်အနာရောဂါ ဘေးသက်ရောက်စေတော်မူလိမ့်မည်။ သူတို့ သည်အသက်ရှင်လျက်ရှိစဉ်အခါ၌ပင် အသားအရေများပုပ်ပျက်၍သွားလိမ့် မည်။ သူတို့၏မျက်စိများနှင့်လျှာများ သည်လည်းပုပ်ပျက်၍သွားလိမ့်မည်။