သင်သည်ဘေးအန္တရာယ်နှစ်ဆကြုံတွေ့ရလေပြီ။ သင်၏ပြည်သည်စစ်ဒဏ်ကြောင့်ပျက်ပြုန်းသွား လေပြီ။ သင့်မြို့သူမြို့သားတို့သည်လည်းအစာရေစာ ငတ်မွတ်ကြလေပြီ။ သင့်အားကိုယ်ချင်းစာတရားထားရှိမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
ဖျက် ဆီး၍ ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း ဘေး၊ ဓား သင့်၍ အ စာ ခေါင်း ပါး ခြင်း ဘေး နှစ် မျိုး သည်၊ သင့် အ ပေါ် တွင် သင့် ရောက် ခဲ့ ရာ၊ မြည် တမ်း မှု ပြု သူ၊ မည် သူ နည်း။ ငါ ကား မည် သို့ နှစ် သိမ့် စေ နိုင် သ နည်း။
အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓားဖြင့်ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍၊ သင့်အတွက် အဘယ်သူငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။
ဘေးနှစ်ခုသည် သင့်အပေါ်ကျရောက်လေပြီ။ မည်သူသည် သင့်အတွက် ဝမ်းနည်းမည်နည်း။ ဖျက်ဆီး၍ပျက်စီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဓားဘေးတို့သည် သင့်အပေါ်ကျရောက်လေပြီ။ သင့်ကို ငါမည်သို့နှစ်သိမ့်ပေးရမည်နည်း။
ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။
အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ထဲမှ ဆင်းရဲနွမ်းပါးသူတို့ကို သိုးထိန်းသဖွယ် စောင့်ရှောက်တော်မူ၍ဘေးမဲ့လုံခြုံစွာနေစေ တော်မူလိမ့်မည်။ သို့ရာတွင်သင်တို့မူကား ကြောက်မက်ဖွယ်ရာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူမည်ဖြစ်၍ သင်တို့ တစ်စုံတစ်ယောက်မျှအသက်မသေဘဲကျန် ရှိရလိမ့်မည်မဟုတ်။
ယခုငါ့အားတစ်ကိုယ်တည်းပြင်းပြစွာ ငိုကြွေးခွင့်ပြုပါလော့။ ငါ၏လူအမြောက် အမြားသေကြေပျက်စီးကြပြီဖြစ်၍ ငါ့အားနှစ်သိမ့်ရန်မကြိုးစားပါနှင့်။-
သို့ရာတွင်၊သင်သည်တစ်နေ့အတွင်းတခဏ ခြင်း၌ ဤအမှုနှစ်ရပ်စလုံးနှင့်ကြုံတွေ့ရလိမ့်မည်။ မှော်အတတ်မှန်မျှကိုအသုံးပြုပါသော်လည်း သင်သည်သားသမီးများကိုဆုံးရှုံးရလျက်၊ မုဆိုးမဘဝသို့ရောက်လိမ့်မည်။
``အို ယေရုရှလင်မြို့၊ဒုက္ခရောက်လျက်၊ အားကိုးရာမဲ့ဖြစ်ကာ၊ နှစ်သိမ့်မည့်သူ မရှိသည့်မြို့၊ ငါသည်သင်၏အုတ်မြစ်များကိုအဖိုးတန် ကျောက်များဖြင့်ပြန်လည်တည်ဆောက်မည်။
အကြမ်းဖက်မှုအသံဗလံများပေါ်ထွက် ရတော့မည်မဟုတ်။ သင်၏ပြည်သည်လည်းနောက်တစ်ဖန်လုယက် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်မဟုတ်။ ငါသည်မြို့ရိုးသဖွယ်သင့်ကိုကာကွယ်စောင့် ရှောက်မည်။ သင်သည်လည်းမိမိကိုကယ်တင်သည့်အတွက် ငါ့ကိုချီးမွမ်းလိမ့်မည်။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူ၍ ရန်သူတို့အားဖြိုခွင်းတော်မူသည့်အချိန် ကျရောက်ပြီဖြစ်ကြောင်းကြေညာရန်ငါ့ကို စေလွှတ်တော်မူပြီ။ ဝမ်းနည်းပူဆွေးသူအပေါင်းတို့အား နှစ်သိမ့်မှုပေးရန်၊
လူတို့သည်မိမိတို့ပြည်တွင်စိတ်ပျက်အား လျော့လျက် ဆာလောင်မွတ်သိပ်လျက်သွားလာ ရကြလိမ့်မည်။ သူတို့သည်ဆာလောင်မွတ်သိပ် မှုနှင့်အမျက်ထွက်မှုတို့ကြောင့်မိမိတို့၏ ဘုရင်နှင့် မိမိတို့၏ဘုရားသခင်ကိုကျိန် ဆဲကြလိမ့်မည်။ သူတို့သည်ကောင်းကင်သို့ မျှော်ကြည့်သည့်အခါသော်လည်းကောင်း၊-
နေရာတကာတွင်လူတို့သည်မိမိတို့ရနိုင် သမျှသောအစားအစာများကိုစားကြ သော်လည်း အာသာမပြေဘဲရှိလိမ့်မည်။ သူ တို့သည်မိမိတို့၏သားသမီးများကိုပင် ပြန်၍စားကြပါသည်တကား၊-
``ယေရုရှလင်မြို့သားတို့၊သင်တို့အား အဘယ်သူသနားမည်နည်း။ သင်တို့အတွက်အဘယ်သူဝမ်းနည်း ပူဆွေးမည်နည်း။ အဘယ်သူသည်လမ်းတွင်ရပ်လျက်သင်တို့၏ ကျန်းမာမှုကိုမေးမြန်းမည်နည်း။
သူတို့နှင့်သူတို့ဘိုးဘေးများအားငါ ပေးအပ်ခဲ့သည့်ပြည်တွင် သူတို့တစ်စုံတစ် ယောက်မျှမကြွင်းမကျန်တော့သည့်တိုင် အောင် ငါသည်သူတို့အပေါ်သို့စစ်မက်ဘေး အန္တရာယ်ကိုလည်းကောင်း၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါဘေး ကိုလည်းကောင်းသက်ရောက်စေမည်'' ဟုမိန့် တော်မူ၏။
သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''
သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း သူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။ သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။ သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအား ကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။
ပျက်စီးယိုးယွင်းမှုနှင့်ကြုံတွေ့ခဲ့ရကြပါပြီ။ ကျွန်တော်မျိုးတို့သည်အဆီးအတားနှင့် ကြောက်ရွံ့မှုတို့ဖြင့်အသက်ရှင်ရပါ၏။
``သို့တည်းမဟုတ်ငါသည်လူတို့အားသုတ် သင်ရန် သားရဲတိရစ္ဆာန်များကိုစေလွှတ်သဖြင့် ထိုပြည်၌လူသူကင်းမဲ့လျက်ဖြတ်သန်း သွားလာရန်မဖြစ်နိုင်အောင် သားရဲတိရစ္ဆာန် များကြောင့်အန္တရာယ်ရှိလိမ့်မည်။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်လူနှင့်တိရစ္ဆာန်တို့ကိုဖျက် ဆီးပစ်ရန်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သားရဲတိရစ္ဆာန်တို့၏ဘေးနှင့် အနာရောဂါဘေးတည်းဟူသောအဆိုး ရွားဆုံးသောဘေးကြီးလေးပါးကိုယေရု ရှလင်မြို့ပေါ်သို့သက်ရောက်စေမည်။-
ထိုကျိုင်းကောင်များသည်တစ်ပြည်လုံးရှိ ရွက် နုပင်မှန်သမျှကိုကိုက်စားလိုက်ကြောင်း ငါမြင်ရ၏။ ငါကလည်း``အို အရှင်ထာဝရ ဘုရား၊ အရှင့်လူတို့၏အပြစ်ကိုလွှတ်တော် မူပါ။ သူတို့သည်နုငယ်၍အားနွဲ့လှပါ ၏'' ဟုလျှောက်ဆိုသော်၊
သင့်ကိုမြင်သူအပေါင်းတို့သည်နောက်သို့ တွန့်ဆုတ်သွားလိမ့်မည်။ သူတို့က``နိနေဝေမြို့သည်ယိုယွင်း ပျက်စီးလျက်နေလေပြီ။ ထိုမြို့အားအဘယ်သူကကရုဏာသက် ပါလိမ့်မည်နည်း။ အဘယ်သူသည်နှစ်သိမ့်မှုကိုပေးလို ပါမည်နည်း'' ဟုဆိုကြလိမ့်မည်။
ဤအကြောင်းကြောင့်ငါတို့အားတက်ကြ၏။ ငါတို့သည်အားတက်ရုံသာမက၊ အလွန်လည်း ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်တိတုအားရွှင်လန်းစေသဖြင့်သူသည် အလွန်ဝမ်းမြောက်လျက်ရှိသည်ကိုငါတို့တွေ့ရ သောကြောင့်ဖြစ်ပေသည်။-